အာဆင်နယ် ပရိသတ်တွေကို နည်းပြကြီးဝင်းဂါးကတော့ အမှာစကားတစ်ခုပါးလိုက်ပါတယ်။ တနင်္ဂနွေနေ့က အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်(၃)အဖြစ် လီဗာပူးနှင့် အာဆင်နယ်တို့ ကစားခဲ့ကြပါတယ်။ ပွဲချိန် ၁၇မိနစ်မှာတော့ လီဗာပူးတို့ အဖွင့်ဂိုးရခဲ့ပြီး ဒီဂိုးကို ဖာမီနိုက သွင်းယူပေးခဲ့တာပါ။ လီဗာပူးကို ဂိုးပေးလိုက်ရတဲ့နောက်မှတော့ အာဆင်နယ်တို့ စိတ်ဓာတ်ကျဆင်းသွားပုံရပါတယ်။ ပွဲချိန် ၄၀မိနစ်မှာ တိုက်စစ်မှူး မာနေးက လီဗာပူးအတွက် ဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၅၇မိနစ်မှာ ၁ာလာက ၃ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။ နောက်ဆုံးဂိုးကိုတော့ လူစားဝင်လာတဲ့ တိုက်စစ်မှူး စတာရစ်ချ်က သွကင်းယူပေးခဲ့တာပါ။ ဒါကြောင့် အန်ဖီးကွင်းမှာ လီဗာပူးတို့ အာဆင်နယ်ကို ၄-၀ ဖြင့်အနိုင်ယူကာ ၃မှတ်ရယူခဲ့ပါတယ်။ ဒါကြောင့် ဂန်းနားတို့၏နည်းပြကြီး အာစင်ဝင်းဂါးက လီဗာပူးကို ခါးခါးသီးသီး ရှုံးနိမ့်ခဲ့တာနှင့် ပတ်သတ်ပြီးတောင်းပန်ခဲ့ပါတယ်။ အာစင်ဝင်းဂါးက " ဒီကနေ့ ခြေစွမ်းမျိုးနဲ့ ဒီရလာဒ်ကိုသာ ကျေနပ်နေတဲ့ မန်နေဂျာမျိုးသာ ရှိခဲ့ရင်၊ သူ့အတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးမိမှာပါ။”

ဆက်လက်၍ နည်းပြ အာစင်ဝင်းဂါးက” တော်တော်ကို စိတ်ပျက်မိတယ်ဗျာ။ ဒါပေမယ့် အဲဒီအကြောင်း ဆွေးနွေးပြဖို့ အခုချိန်က အချိန်ကောင်း မဟုတ်သေးဘူးလို့ ထင်ပါတယ်။ အဝေးကွင်း ပွဲဆက်ရှုံးလိုက်တာကတော့ ယုံကြည်မှုတွေ ဆုံးရှုံးသွားတာ အမှန်ပါပဲ။ ဒါပေမယ့် ကျနော်တို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ထားပြီး ရှေ့ဆက်ရပါမယ်။ ဒီအရှုံးအတွက် ကျနော်က တရားခံဆိုရင်တော့ တောင်းပန်ပါတယ်။ ကျနော်တို့အားလုံး အတူတူ ရှုံးနိမ့်ခဲ့တာလို့ ယုံကြည်ပါတယ်။ ကျနော်တို့လုပ်နိုင်တာ တစ်ခုက အကောင်းဆုံး ပုံစံနဲ့ပြန်လာပြီး ပရိသတ်တွေအတွက် ပိုကောင်းတဲ့ ခြေစွမ်းတွေနဲ့ ကစားပြဖို့ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။