ယမန်နေ့ည တနင်္ဂနွေနေ့က အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်(၃)အဖြစ် လီဗာပူးနှင့် အာဆင်နယ်တို့ ကစားခဲ့ကြပါတယ်။ ပွဲချိန် ၁၇မိနစ်မှာတော့ လီဗာပူးတို့ အဖွင့်ဂိုးရခဲ့ပြီး ဒီဂိုးကို ဖာမီနိုက သွင်းယူပေးခဲ့တာပါ။ လီဗာပူးကို ဂိုးပေးလိုက်ရတဲ့နောက်မှတော့ အာဆင်နယ်တို့ စိတ်ဓာတ်ကျဆင်းသွားပုံရပါတယ်။ ပွဲချိန် ၄၀မိနစ်မှာ တိုက်စစ်မှူး မာနေးက လီဗာပူးအတွက် ဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။ 

ပွဲချိန် ၅၇မိနစ်မှာ ၁ာလာက ၃ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။ နောက်ဆုံးဂိုးကိုတော့ လူစားဝင်လာတဲ့ တိုက်စစ်မှူး စတာရစ်ချ်က သွကင်းယူပေးခဲ့တာပါ။ ဒါကြောင့် အန်ဖီးကွင်းမှာ လီဗာပူးတို့ အာဆင်နယ်ကို ၄-၀ ဖြင့်အနိုင်ယူကာ ၃မှတ်ရယူခဲ့ပါတယ်။ ပွဲပြီးမှာတော့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ အာဆင်နယ်ကွင်းလ်လူအိုဇေးလ်ကတောင်းပန်စကားကို အင်စတာဂရမ်ကနေ ပြောဆိုရေးသားသွားပါတယ်။ အိုဇေးလ်က “'' ကျွန်တော်တို့ဟာ အပေါင်းလက္ခဏာဆောင်တဲ့ ရလာဒ်ကို ရယူနိုင်ဖို့ ဆန္ဒအပြည့် ရှိခဲ့ကြပါတယ် ။ ဒါပေမယ့် အရိုးရှင်းဆုံး ဝန်ခံ ပြောရရင် ကျွန်တော်တို့ဟာ မိနစ် 90 အတွင်း ကောင်းမွန်စွာ မကစားနိုင်ခဲ့ပါဘူး ။ ပြိုင်ဖက် လီဗာပူးကတော့ သံသယကင်းစွာပဲ အနိုင်ရလာဒ်နဲ့ အပြည့်အဝ ထိုက်တန်ခဲ့ပါတယ် '' လို့ရေးသားခဲ့တာပါ။

ဒါ့အပြင် အိုဇေးလ်က “ပုံမှန်အားဖြင့်တော့ ကျွန်တော်ဟာ ဒီနေ့လိုမျိုး စိတ်ပျက်ဖွယ်ကောင်းနဲ့ အခိုက်အတန့်တွေ ဖြတ်သန်းခဲ့တဲ့နောက် ဆိုရှယ် မီဒီယာပေါ်မှာ အခုလိုမျိုးတင်ရတာကို အရမ်းဒေါသဖြစ်လေ့ ရှိပါတယ် ။ ဒါပေမယ့် ဂျာမန်လက်ရွှေးစင် ကို မပြန်သေးခင်တော့ ဒီလို ပွဲအတွက် ဘာမှတ်ချက်မှ မပြုဘဲလည်း မနေလိုပါဘူး။ ကျွန်တော်တို့ နောက်ပွဲစဉ်မှာ ပိုမိုတိုးတက် ကောင်းမွန်အောင် စွမ်းဆောင်ပြနိုင်ဖို့ အရာရာတိုင်းကို အကောင်းမွန်ဆုံး ဖြစ်အောင် ကြိုးစားသွားပါ့မယ် ။ ပြီးတော့ ဒီအခိုက်အတန့်မှာ ခံစားခဲ့ရတဲ့ မကျေနပ်ချက်တွေကို ကျော်လွှားနိုင်ဖို့ အကောင်းဆုံး ကြိုးပမ်းသွားကြပါ့မယ် '' လို့ ပြောကြားသွားခဲ့ပါတယ် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။