တနင်္ဂနွေနေ့က အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်(၃)အဖြစ် လီဗာပူးနှင့် အာဆင်နယ်တို့ ကစားခဲ့ကြပါတယ်။ ပွဲချိန် ၁၇မိနစ်မှာတော့ လီဗာပူးတို့ အဖွင့်ဂိုးရခဲ့ပြီး ဒီဂိုးကို ဖာမီနိုက သွင်းယူပေးခဲ့တာပါ။ လီဗာပူးကို ဂိုးပေးလိုက်ရတဲ့နောက်မှတော့ အာဆင်နယ်တို့ စိတ်ဓာတ်ကျဆင်းသွားပုံရပါတယ်။ ပွဲချိန် ၄၀မိနစ်မှာ တိုက်စစ်မှူး မာနေးက လီဗာပူးအတွက် ဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၅၇မိနစ်မှာ ၁ာလာက ၃ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။ နောက်ဆုံးဂိုးကိုတော့ လူစားဝင်လာတဲ့ တိုက်စစ်မှူး စတာရစ်ချ်က သွင်းယူပေးခဲ့တာပါ။ ဒါကြောင့် အန်ဖီးကွင်းမှာ လီဗာပူးတို့ အာဆင်နယ်ကို ၄-၀ ဖြင့်အနိုင်ယူကာ ၃မှတ်ရယူခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ တိူက်စစ်မှူးမာနေးက အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးနည်းပြ ကလော့က မာနေးနှင့်ပတ်သတ်ပြီး “မနေးဟာ ယခင်တုန်းကထက် မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်ရှိခဲ့ပါပြီ ။ မှန်ကန်တဲ့ အခိုက်အတန့်မှာ ဘောလုံး ပေးပို့မှု ၊ မှန်ကန်တဲ့ အချိန်မျိုးမှာ လိမ်ခေါက်ကျော်ဖြတ်မှု ၊ သေချာလောက်တဲ့ အခြေအနေမျိုးမှာ ဂိုးပေါက်ကန်သွင်းမှု အနေအထား အမျိုးမျိုးမှာ သူဟာ ပိုမိုတိုးတက် ကောင်းမွန်လာပါတယ် '' လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆက်လက်၍ ကလော့က ' ဒါဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံအဖြစ် ကန့်သတ် သတ်မှတ်ပစ်လို့ မရသေးပါဘူး ။ တစ်ခြား ကစားသမားတွေလိုပဲ သူဟာ ဒီထက်ပိုပြီး တိုးတက်ကောင်းမွန် လာနိုင်သေးပါတယ် '' လို့ထပ်မံပြောကြားခဲ့ပါတယ်။ ဆောက်သမ်တန်ကနေ ပြောင်းလာတဲ့မာနေးဟာ လီဗာပူးအသင်းအတွက် ၃၃ပွဲကစားထားကာ ၁၅ဂိုးသွင်းထယးပါတယ်။ ဒါ့အပြင် မာနေးဟာ ဂိုးဖန်တီးမှု ၉ခါအထိ လုပ်ပေးထားတဲ့ ကစားသမားကောင်းတစ်ဦးလည်းဖြစ်ပါတယ်။

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။