ကိုရီးယားနိုင်ငံဟာဆိုရင် မိမိကြိုက်တဲ့ဘာသာကို ကိုးကွယ်ခွင့်ရှိပါတယ်။ Christian ဘာသာကိုးကွယ်သူပို၍များပြားသော်လဲ ဗုဒ္ဓဘာသာကိုးကွယ်သူတွေလဲရှိပါတယ်။ ဒီ ဗီဒီယို မှာဆိုရင် ကိုးရီးယားနိုင်ငံက ဗုဒ္ဓဘာသာဘုန်းကြီးတွေ ရပ်သီချင်းပြိုင်ပွဲ တစ်ခုမှာ သီချင်းဆိုနေတာကို တွေ့ရမှာပါ။

ဒီဗီဒီယိုဖိုင်ဟာ ထွက်ထွက်ခြင်းပဲ လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ ဘုန်းကြီးတွေက ဘုရားစာတွေကို ရပ်စားသားတွေအနေနဲ့ ရွတ်ခဲ့ပြီး ပါးစပ်ကနေbeat အသံထွက်တဲ့ beat-boxing နဲ့ ဆိုတာကိုတွေ့ရမှာပါ။ သူတို့ နိုင်ငံမှာတော့ ဒီဗီဒီယိုကို အကောင်းဘက်ကမြင်ကြတဲ့သူများပြီး ဘုန်းကြီးတွေကိုလဲချီးကျူးကြပါတယ်။ နောင်ဆိုရင် ရပ်ရှိုးတွေက ဗုဒ္ဓဘာသာဘုန်းကြီးတွေကြားမှာ ခေတ်စားဦးမယ်လို့တောင် ခန့်မှန်းထားကြပါသေးတယ်။

translated by Anna

Source: koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။