စနေနေ့ညက အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်(၃)ကို ကစားခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်ကတော့ လက်စတာစီးတီးကို အိမ်ကွင်းမှာ ကစားခဲ့ရတာပါ။ အဆိုပါပွဲစဉ်မှာ မန်ချက်စတာယူနိုင်တက်က ပွဲစကတည်းကဖိထားကာ ဒုတိယပိုင်းတွင် ပင်နယ်တီရသော်လည်း လူကာကူကန်ချက်ကို ရှမိုက်ကယ်က ကာကွယ်ခဲ့ပါတယ်။ သို့သော် မန်ချက်စတာယူနိုင်တက်နည်းပြ မော်ရင်ဟို၏ လူစားလဲမှုများက အနို်င်ရစေခဲ့ပါတယ်။ 

လူစားဝင်လာသော လူငယ်တိုက်စစ်မှူး ရက်ဖို့စ်က ဂိုးသွင်းယူခဲ့ပါတယ်။ ဒါ့အပြင်လူစားဝင်ကစားသမားတွေဖြစ်တဲ့ လင်ဂတ်၏ပေးပို့မှုကနေ ဖယ်လိုင်နီကထပ်မံသွင်းယူကာ ၂-၀ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ လက်စတာစီးတီးတိုက်စစ်မှူး ဗာဒီကို ထိန်းနို်င်ခဲ့တဲ့ မန်ချက်စတာယူနိုင်တက် နောက်တန်းကို မော်ရင်ဟိုက ချီးကျူးခဲ့ပါတယ်။ မော်ရင်ဟိုက “ဂျေမီဗာဒီ ဟာ အရမ်း အန္တရာယ် ကြီးမားတဲ့ ကစားသမားများလား ။သူဟာ ပရီးမီးယားလိဂ် ရဲ့ အန္တရာယ် အ ပေးနိုင် ဆုံးကစားသမားတွေထဲက တစ် ဦးပါ ။ ကျွန်တော် တို့နဲ့ ပွဲမှာရော သူက အန္တရာယ်ပေး နိုင် ခဲ့ရဲ့လား ။ မ ပေးနိုင် ခဲ့ ပါဘူး” လို့ပြောခဲ့တာပါ။ 

ဆက်လက်၍ မော်ရင်ဟိုက “ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ က အရမ်းကောင်းအောင် ကစားနိုင် ခဲ့သလို ပွဲကိုလည်း သေချာ ထိန််းချုပ် ကစားနိုင် ခဲ့ပါတယ် ။ အာဆင် နယ် နဲ့ ပွဲတုန်းက လက် စတာ က အန္တရာယ်ပေးနိုင် ခဲ့လား . . . . ကောင်းကောင်းပေးနိုင် ခဲ့ပါတယ် ။ ဒီပွဲ ကို ကျွန်တော် ၃ ကြိမ် တောင်ပြန် ကြည့်ခဲ့တာပါ ။ ကျွန်တော် တို့ နဲ့ ပွဲမှာရော လက် စတာ က အန္တရာယ်ပေးနိုင် ခဲ့ရဲ့လား . . . . . နိုး ပါ ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ ဖြစ် နေလို့ပါပဲ။ မနှစ် တုန်းက မိနစ် ၉၀ လုံး ပွဲကို ထိန်းချုပ် နိုင် ခဲ့တာတွေနည်းခဲ့သလို အခွင့်အ ရေးတွေလည်း အများကြီး မရခဲ့ ပါဘူး ။ အခု တော့ ဒါမျိုးတွေကို ကျွန်တော်တို့ လုပ် နိုင် နေပါပီ” လို့ပြောကြားခဲ့ပါတယ်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။