တနင်္ဂနွေညမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် အဲဗာတန်နှင့်ချယ်ဆီးတို့ ကစားခဲ့ကြပါတယ်။ ဦးဆောင်ဂိုးကို ရရှိခဲ့တာက ချယ်ဆီးအသင်းဖြစ်ပါတယ်။ ဒီဂိုးကို ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်က ပွဲချိန် ၂၇ မိနစ်မှာ မိုရာတာရဲ့ပေးပို့မှုကနေ သွင်းယူခဲ့တာပါ။ ပထမပိုင်းမပြီးဆုံးခင်မှာပဲ အိမ်ရှင်ချယ်ဆီးတို့် ထပ်မံဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ အဆိုပါဂိုးကိုတော့ ချယ်ဆီးတိုက်စစ်မှူး မိုရာတာက ပွဲကစားချိန် မိနစ် ၄၀ မှာသွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ချယ်ဆီးက လူစားလဲမှုတွေ လုပ်ကာ ပွဲရလဒ်ကိုထိန်းချုပ်သွားခဲ့ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာတော့ လက်ရှိချန်ပီယံချယ်ဆီးက အဲဗာတန်ကို 2-0 ဂိုးရလဒ်ဖြင့်အနိုင်ယူကာ ၃မှတ်ရယူသွားပါတယ်။

ပွဲပြီးမှာတော့ ရာသီအစပွဲရှုံးခဲ့လို့ နည်းပြနေရာမသေချာတဲ့ ချယ်ဆီးနည်းပြ ကွန်တီက ချဲလ်ဆီးအတွက်အပြည့်အဝအာရုံစိုက်ထားတယ်လို့ပြောလိုက် ပါတယ်။ ပြီးခဲ့တဲ့ရာသီကချဲလ်ဆီးကိုပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေခဲ့ပြီးနောက်ဇူလိုင်လက၂နှစ်စာချုပ်ချုပ်ဆိုရန်သဘောတူညီခဲတဲ့ကွန်တီဟာချဲလ်ဆီးရဲ့အပြောင်းအရွေ့ပေါ်လစီနဲ့ပက်သက်ပြီးကျေနပ်မှုမရှိတာကြောင့်စတန်းဖို့ဘရစ်ချ်ကိုစွန်ခွာဖို့ရှိနေတယ်လို့သတင်းထွက်နေပါတယ်။ ကွန်တီက "ပရိတ်သတ်တွေကိုပြောချင်တာကတော့ကျွန်တော်ဟာချဲလ်ဆီးအတွက်အပြည့်အဝအာရုံစိုက်ထားပြီးအသင်းနဲ့ကစားသမားတွေကိုတိုးတက်အောင်လုပ်ဆောင်ဖို့ပါ။” 

ထပ်မံ၍ ကွန်တီက “လူစာရင်းကိုထပ်မံအားဖြည့်ချင်တယ်ဆိုရင်တော့အသင်းကိုအကြံပေးသွားရမှာပါ။ ပြီးရင်တော့ကလပ်ဘက်ကဒီအခြေအနေကိုဖြေရှင်းဖို့အပြောင်းအရွေ့စျေးကွက်မှာလှုပ်ရှားသွားမှာပါ။ တစ်ခါတစ်ရံအလုပ်ဖြစ်တက်သလိုမဖြစ်တာတွေလည်းရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ကွင်းထဲမှာအာရုံစိုက်ထားပြီးလက်ရှိကစားသမားတွေနဲ့အလုပ်ဆက်လုပ်ရမှာပါ။ ကလပ်ဟာအသင်းကိုအင်အားဖြည့်တင်းဖို့အရမ်းကြိုးစားနေကြပါတယ်။ ကျွန်တော်တို့ပွဲတွေအများကြီးကစားရမယ့်အခြေအနေကိုသူတို့နားလည်ပါတယ်။ ဒါပေမယ့်ကျွန်တော်ထပ်ပြောချင်တာကလက်ရှိပိုင်ဆိုင်တဲ့ကစားသမားတွေနဲ့အလုပ်ဆက်လုပ်ပြီးဒာတွေကိုဖြေရှင်းသွားဖို့အဆင်သင့်ပါပဲ။" လို့ပြောသွားပါတယ်။  

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။