မန်ချက်စတာစီးတီးနည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ကအခက်အခဲဆုံးမဟုတ်ပါဘူး လို့ပြောကြားလိုက်ပါတယ်။ စနေနေ့ညက မန်ချက်စတာစီးတီးတို့ ဘုန်းမောက်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်၃အဖြစ် ကစားခဲ့ကြပါတယ်။ အဆိုပါပွဲဲစဉ်မှာ မန်ချက်စတာစီးတီးတို့ ရေကုန်ရေပန်း ကန်ခဲ့ရပါတယ်။ သို့သော် နောက်ကျအနိုင်ဂိုးနှင့် မန်ချက်စတာစီးတီးတို့ အန်ိုင်၃မှတ်ရယူနိုင်ခဲ့ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ဂွာဒီယိုလာက နည်းပြဘဝတစ်လျှောက် ဖလားမရဖူးတဲ့ နှစ်မရှိခဲ့ပါဘူး။ သို့သော် အဆိုပါစံချိန်က မနှစ်က ဂွာဒီယိုလာတစ်ယောက် မန်ချက်စတာစီးတီးနှင့် လက်တွဲပြီးချိန်မှာတော့ ပျက်ခဲ့ရပါတယ်။ ယခုအခါမှာတော့ မန်ချက်စတာစီးတီးနည်းပြပက်ဂွာဒီယိုလာကပရီးမီးယားလိဂ်ပြိုင်ပွဲအနေနဲ့အခက်ခဲဆုံးလိဂ်တစ်ခုဖြစ်လာဖို့လိုအပ်မှုတွေရှိနေသေးတယ်လို့ယုံကြည်နေပါတယ်။ ပက်က "ပရီးမီးယားလိဂ်ဟာအခက်ခဲဆုံးလိဂ်တစ်ခုလို့ပြောတာကိုခင်ဗျားတို့ကြားချင်နေတာကျွန်တော်သိပါတယ်။ ဒါဟာလူတော်တော်များများအမြင်ပါ။ အမှန်ပါပဲ။” လို့ပြောခဲ့တာပါ။
ဆက်လက်၍ ဂွာဒီယိုလာက “ပရီးမီးယားလိဂ်ဟာခက်ခဲပါတယ်။ အရမ်းကိုခက်ခဲပါတယ်။ ဒါပေမယ့်လည်းကျွန်တော်ဘာနေဗျူးမှာသွားကစားတာ နူးကမ့်မှာကစားတာ အက်သလက်တီကို ဘီဘာအို ဆီဗီိလာစတဲ့အသင်းတွေနဲ့ကစားရတာလွယ်ကူတယ်လို့်မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့၁၀စုနှစ်မှာစပိန်အသင်းတွေဟာချန်ပီယံလိဂ် ယူရိုပါလိဂ်တွေမှာလွှမ်းမိုးထားပြီး ဆီဗီိလာ အသင်းဟာဆိုရင်လည်းယူရိပါလိဂ်ကိုသုံးနှစ်ဆက်တိုက်ဆွတ်ခူးထားတာပါ။ အဲလိုအချိန်မျိူးဆိုရင်ပရီးမီးယားလိဂ်ကအခက်ခဲဆုံးဖြစ်နိုင်ပါတယ်။ အခုချန်ပီယံလိဂ်မှာငါးသင်းကစားရတော့မှာမို့လို့်ုဖြစ်လာနိူင်ပါတယ်။ အားလုံးနောက်ဆုံးအဆင့်ထိရောက်အောင်လုပ်ဆောင်နိုင်ပါတယ်။ ပြီးမှသာ ဒါဟာအခက်ခဲဆုံးလိဂ်လို့ပြောနိုင်မှာပါ။ ဒီအဆင့်တွေလိုနေပါသေးတယ်။" လို့ပြောသွားပါတယ်။
သတင်းအရင်းမြစ် Mirror
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။