တိုရီနိုအသင်းဟာ အိမ်ကွင်းမှာ ဘီလော့တီရဲ့ခြေစွမ်းပြမှုနဲ့အတူ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။မနေ့ကယှဉ်ပြိုင်သွားခဲ့တဲ့ တိုရီနိုအသင်းနဲ့ ဆက်ဆူအိုလိုအသင်းပွဲစဉ်မှာ တိုရီနိုအသင်းက ၃ဂိုး ဝဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။တိုရီနိုအသင်းရဲ့တိုက်စစ်မှူးဘီလော့တီဟာ မနှစ်ကခြေစွမ်းအတိုင်း ဆက်လက်ခြေစွမ်းပြသနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။တိုရီနိုအသင်းဟာ စီးရီးအေနိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်

တိုရီနိုအသင်းဟာ အိမ်ကွင်းအားသာချက်ကို အသုံးပြုပြီး ဆက်ဆူအိုလို အသင်းကို ဖိအားပေးကစားလာနိုင်ခဲ့ပါတယ်။ဆက်ဆူအိုလိုအသင်းကလည်း အဝေးကွင်းမှာ ရှိန်မနေပဲ ပြန်လည်ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့တာကြောင့် ပွဲကကြည့်ကောင်းခဲ့တာလည်းဖြစ်ပါတယ်။ဂိုးပေါက်ကန်သွင်းမှုမှာ ဆက်ဆူအိုလိုက ပိုမိုကန်သွင်းယူနိုင်ခဲ့တာဖြစ်ပေမဲ့ တိုရီနိုအသင်းဟာ ရရှိလာတဲ့ အခွင့်ရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့တာကြောင့် ခုလို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး သုံးမှတ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်

တိုရီနိုအသင်းရဲ့အဖွင့်ဂိုးကိုတော့ ပထမပိုင်းပြီးခါနီးမှာပဲ စီဗက်စထီရဲ့ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ဘီလော့တီက လှလှပပ bicycle kick နဲ့ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။၈၄ မိနစ်မှာတော့တိုရီနိုအသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကို လာဂျာဂျစ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးဂိုးကို ဘီလော့တီ ဖန်တီးပေးလိုက်တဲ့ဘောလုံးကို အော့ဘ်က ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။တိုရီနိုအသင်းဟာ တစ်ပွဲနိုင် တစ်ပွဲသရေရလဒ်ကြောင့် အဆင့် ၆ နေရာမှာရပ်တည်နေခဲ့တာဖြစ်ပါတယ်။

source - torino fc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။