အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ လီဗာပူးနှင့် ပရီးမီယားပွဲစဉ်(၃)မှာ ၄-၀ ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ လီဗာပူးအတွက် ဂိုးများကို ဆာလာ၊ မာနေး၊ ဖာမီနို နှင့် စတာရစ်ချ်တို့က သွင်းပေးခဲ့တာပါ။ အာဆင်နယ်အသင်းက လက်ရှိ၃ပွဲကစားပြီးချိန်မှာ ၃မှတ်သာ ရရှိထားပါတယ်။ အာဆင် နယ် ဟာ ယခုနှစ် ရာသီ အဖွင့် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲ ရှုံးနိမ့်ထားခဲ့ပြီး ပေးဂိုး ၈ ဂိုးအထိ ရှိခဲ့ကာ အဆင့် ၁၆ နေရာကို ကျဆင်းသွားခဲ့ပါတယ် ။ ဒါကြောင့် အာဆင် နယ် အသင်းဂိုးသမားကြီး ပီတာဆက်ချ် က အာဆင် နယ် အ နေဖြင့် ပရီးမီးယားလိဂ် ဖလားကို မရယူ နိုင် တော့ ပါက ဘောလုံးကစားခြင်းက နေ အနားယူဖို့ စိတ် ကူးလာနိုင်ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ် ။

အသက် ၃၅ နှစ် ရှိပြီဖြစ် တဲ့ ချက် လက် ရွေးစင် ဂိုးသမားကြီးဟာ အာဆင် နယ် အ နေဖြင့် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင် ဖို့ လုံလောက် တဲ့ အင် အား ရှိတယ် လို့ ယုံကြည် ထားသေးကြောင်းပြောဆိုခဲ့ပေမယ့် ဆုဖလားမရယူနိုင် တော့ရင် တော့ အနားယူဖို့ စဉ်းစားနေ ကြောင်း ထုတ် ဖော် ပြောဆိုသွားခဲ့ပါတယ် ။“အခု ရလဒ် တွေနဲ့ အသင်းရဲ့ လူစာရင်း အရ ဘယ်လို မှ မဖြစ် သင့်တဲ့ အရာတွေပါပဲ ။ ကံမ ကောင်းအ ကြောင်းမလှတဲ့ အချိန် မျိုးတွေမှာ ၄ ဂိုးပြတ် နဲ့ ရှုံးတာမျိုးတွေဖြစ် တက် ပါတယ် ။ ဒါပေမယ့် ဒီနေ့ပွဲက တော့ ကံမ ကောင်းလို့ မဟုတ် ပါဘူး ၊ ဒီရလဒ် က လက် မခံနိုင် စရာပါပဲ ။ ကျွန်တော်တို့တွေက လီဗာပူးကို ယှဉ်ပြိုင် တိုက် ခိုက် မှု မရှိခဲ့ပါဘူး ၊ သူတို့တွေနဲ့ ယှဉ်ပြိုင် ပြေးလွှားတာမျုုိးတွေ မရှိခဲ့ပါဘူး ။ တစ်ဦးချင်း ရင်် ဆိုင်တွေ့ သမျှ မှာလည်း အ ရေးနိမ့်ခဲ့ပါသေးတယ် ။ အသင်းတစ်သင်းအ နေနဲ့လည်း ပြိုင် ဘက် ကိုု ပြန် မတုန့်ပြန်နိုင် ခဲ့ပါဘူး ။ ဒီအတွက် ကိုယ့် ကိုကိုယ် ပဲ အပြစ် တင် ရမှာပါ” လို့ ပီတာချက်ကပြောပါတယ်။ 

ပီတာချက်က ဆက်လက်၍ “အခု ကျွန်တော် တို့ အတွက် အ ကောင်းမြင် နိုင် တဲ့ အရာက တော့ ရာသီအစပဲ ရှိသေးတာပါပဲ ။ ကျွန်တော်တို့ ဒီ အ နေ အထားက နေ ပြန် ရုန်းထွက် နိုင် ပါတယ် ။ ၂ ပွဲ ပဲ ရှုံးသေးတာမို့ ရာသီအကုန် မှာ အမှတ်ပေးချန် ပီယံ တောင် ဖြစ် နိုင် ပါသေးတယ်။ တကယ် လို့ ဒီအသင်းဟာ ဆုဖလားကို မရယူနိုင်လောက်တော့ဘူးလို့ ယုံကြည် လာရင် တော့ ကျွန်တော် အနားယူဖြစ် ရင် ယူဖြစ် မှာပါ ။ အခု လောလောဆယ် တော့ ကျွန်တော်တို့ အမှတ်ပေးချန် ပီယံဖြစ်နိုင် ခြေ ရှိ သေးတယ် လို့ ယုံကြည် နေတုန်းပါပဲ ။ အခု ကျွန်တော်တို့ အသင်းကို တည်ငြိမ် အောင်ပြန် လည် တည် ဆောက်ပြီး ရလဒ် ဆိုးတွေက နေ ရုန်းထွက် ဖို့ ကြိုးစားရမှာပါ” လို့ပြောခဲ့ပါတယ်။

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။