မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၂ အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗလင်စီယာအသင်းတို့ ကစားခဲ့ကြခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာဗလင်စီယာအသင်းကို ဧည့်ခံကစားခဲ့ပြီး တစ်ဖက် ၂ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်အသင်းဟာ နောက်ကျဂိုးကြောင့် ဗလင်စီယာအသင်းကို မရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။စီရော်နယ်ဒို ၊ရာမို့စ် တို့မပါဝင်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ အနည်းငယ် ရုန်းကန်ခဲ့ရတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘန်ဇီမာ၊ ဘေလ်း ၊အဆန်စီယို ၊ကရူး၊ အစ္စကို ၊မိုဒရစ် တို့ကိုပွဲထွက်ကစားစေခဲ့တာလည်းဖြစ်ပါတယ်။ဗလင်စီယာအသင်းကတော့ အသစ်ခေါ်ယူထားတဲ့ မူရီရယ်လို ၊ကွန်ဒေါ့ဘီယာ တို့ကိုထည့်သွင်းကစားခဲ့ပြီး တိုက်စစ်အတွဲဖြစ်တဲ့ ဇာဇာနဲ့ ရိုဒရီဂို ကို တွဲဖက်ပြီး ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။စီရော်နယ်ဒိုမပါဝင်နိုင်ပေမဲ့ သူ့နေရာမှာ အဆန်စီယိုကအကောင်းဆုံး ဝင်ကစားပေးနိုင်ခဲ့ပြီး ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုပါရရှိသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၁၀ မိနစ်မှာပဲ အဆန်စီယိုက အဝေးက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ပွဲချိန် ၁၈ မိနစ်မှာတော့ လာတိုရဲ့ ဖန်တီးပေးလိုက်တဲ့ဘောလုံးကို ဆိုလာက အနီးကပ်ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ပွဲချိန် ၇၇ မိနစ်မှာတော့ ရိုဒရီဂိုရဲ့ ဖန်တီးပေးလိုက်တဲ့ဘောလုံးကို အသစ်ခေါ်ယူထားတဲ့ ကွန်ဒေါ့ဘီယာက ကန်သွင်ယူပေးခဲ့ပြီး ဦးဆောင်ဂိုးရရှိအောင် စွမ်းဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ပွဲချိန် ၈၃ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးဖြစ်စေမဲ့ဂိုးကို အဆန်စီယိုက ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းယူပေးခဲ့ဖြစ်ပါတယ်။

SOURCE - REAL MADRID

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။