ကျော်ကိုကိုနှင့် အောင်သူကို ထိုင်းကလပ် စူပါပါဝါအသင်း ခေါ်ယူမည်ဟုသတင်းထွက်နေသော်လည်း တရားဝင်မကမ်းလှမ်းသေး

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူ းဟောင်း ကျော်ကိုကိုနှင့် လက်ရှိတိုက်စစ်မှူ း အောင်သူတို့ကို ထိုင်းပရီးမီးယားလိဂ်ကလပ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ သက်ဆိုင်ရာကလပ်အသင်းများထံ တရားဝင်ကမ်းလှမ်းခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူ းကောင်းဆက်နိုင် သွားရောက်ကစားနေသည့် ထိုင်းကလပ်ဆာမတ်ဆာခွန်အသင်းကို ပိုင်ဆိုင်သည့် ဆာမတ်ဆာခွန်လုပ်ငန်းစုသည် ထိုင်းပရီးမီးယားလိဂ်ကလပ် စူပါပါဝါအသင်းအတွက် ယင်းကစားသမားနှစ်ဦးကို ခေါ်ယူလိုသည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။ သို့သော် ကျော်ကိုကို၏ ကလပ်အသင်း ဖြစ်ည့် ရန်ကုန် အောင်သူ၏ ကလပ်အသင်းဖြစ်သည့် ရတနာပုံအသင်းထံသို့ တရားဝင်ကမ်းလှမ်းခြင်းမရှိသေးပေ။

ပရော်ဖက်ရှင်နယ်လိဂ်သို့ ကူးပြောင်းပြီးနောက်ပိုင်း မြန်မာကစားသမားအချို့ ထိုင်းဒုတိယတန်းနှင့် တတိယတန်းကလပ်အသင်းများ၌ အငှားဖြင့်သွားရောက်ကစားခဲ့သော်လည်း ထိုင်းဒုတိယတန်းကလပ် ဆာမတ်ဆာခွန်အသင်းတွင် ကစားနေသည့် ကောင်းဆက်နိုင်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး လက်ရွေးစင်အသင်း၌ ပြန်လည်ရွေးချယ်ထားခြင်းခံရကြောင်း သိရသည်။

Source: Local Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။