မျိုးကိုထွန်းပြန်လာပြီ

အစာအိမ်အတွင်းပိုးတွေ့ရှိခဲ့ရပြီးကျန်းမာရေး

အခြေအနေကြောင့်ဆီးဂိမ်းကနေချန်လှပ်ခံခဲ့ရတဲ့ရတနာပုံ

တောင်ပံကစားသမားမျိုးကိုထွန်းဟာနေပြန်ကောင်း

လာပါပြီ။သူဟာမြန်မာ့လက်ရွေးစင်

အသင်းကြီးမှာလည်းရွေးချယ်ခံထားရသူ

ဖြစ်ပါတယ်။မျိုးကိုထွန်းဟာမိခင်ကလပ်

ရတနာပုံမှာလေ့ကျင့်ခန်းဆင်းနေပြီး

ယခုအခါမှာတော့မြန်မာ့လက်ရွေးစင်

အသင်းကြီးနဲ့အတူလေ့ကျင့်ခန်းဆင်းနေတယ်လို့

သိရပါတယ်။

အာရှဖလားခြေစစ်ပွဲအတွက်ပြင်ဆင်နေတဲ့

မြန်မာ့လက်ရွေးစင်အသင်းကြီးဟာ

မနက်ဖြန်မှာရန်ကုန်မြို့မှာမလေးရှားလက်ရွေးစင်

အသင်းနဲ့ခြေစမ်းပွဲကစားသွားမှာပါ။

ခြေစမ်းပွဲကိုတော့ဆီးဂိမ်းပြိုင်ပွဲဝင်

မြန်မာလူငယ်အသင်းရဲ့တတိယလုပွဲနဲ့တိုက်နေလို့

ရုပ်မြင်သံကြားကနေထုတ်လွှင့်ပေးမှာမဟုတ်ပါဘူး။

မျိုးကိုထွန်းဟာမြန်မာ့လက်ရွေးစင်အသင်း

ရဲ့အားထားရတဲ့ကွင်းလယ်ကစားသမားတစ်ဦး

ဖြစ်သလိုဆီးဂိမ်းပြိုင်ပွဲဝင်မြန်မာလူငယ်

အသင်းအတွက်လည်းအရေးပါလှတဲ့သူပါ။

သူပါခဲ့ရင်ထိုင်းကိုမြန်မာမရှုံူးဘူးလို့ပရိသတ်တွေ

ကပြောပါတယ်။တစ်ကျော့ပြန်ခြေစွမ်း

တွေနဲ့မျိုးကိုထွန်းမနက်ဖြန်ပွဲမှာခြေစွမ်း

ပြပါဦးလို့..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။