ဒေါ့မွန်အသင်းဟာ သူတို့ရဲ့တောင်ပံကစားသမား ဒမ်ဘီလီကို ဘာစီလိုနာအသင်းထံ လက်လွှတ်ခဲ့ရတာကြောင့် ပြန်အစားထိုးဖို့ကစားသမားတွေကိုရှာဖွေနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာဒေါ့မွန်အသင်းဟာ အစားထိုးဖို့ကစားသမားတစ်ယောက်ကိုရှာဖွေခဲ့ပြီလည်းဖြစ်ပါတယ်။ဒိုင်နမိုကေ့ဗ် အသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ ရာမိုလန်ကို ကို ပေါင် ၂၃ သန်းနဲ့ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ပြီလို့သတင်းတွေကဆိုခဲ့ပါတယ်။ဒေါ့မွန်အသင်းဟာ တိုက်စစ်မှုး အော်ဘာမီယန်းနဲ့တွဲဖက်ကစားဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာမိုလန်ကိုဟာ ဒိုင်နမိုကေ့ဗ်အသင်းကို ၂၀၀၈ ခုနှစ်ထဲကရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ရာမိုလန်ကိုဟာ ဒိုင်နမိုကေ့ဗ် အသင်းနဲ့အတူ ယူကရိန်းလိဂ်ဖလား ၃ ကြိမ်၊ ယူကရိန်း super cup ၂ ကြိမ်၊ ယူကရိန်းဖလား ၂ ကြိမ်  ကို အောင်မြင်မှုများရအောင် စွမ်းဆောင်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရာမိုလန်ကို ဒိုင်နမိုကေ့ဗ်အသင်းနဲ့အတူ ပွဲပေါင်း ၃၃၉ ပွဲကစားပေးထားပြီး ၁၃၇ ဂိုးသွင်းယူထားကာ ၈၉ ဂိုးဖန်တီးပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဘွန်ဒက်လီဂါ ပွဲစဉ် ၂ ပွဲ ကစားထားပြီး ၂ ပွဲစလုံးအနိုင်ရရှိထားအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ဒေါ့မွန်အသင်းဟာ ဒမ်ဘီလီကို လက်လွှတ်လိုက်ရပေမဲ့ အနိုင်ရရှိတဲ့နှစ်ပွဲလုံးမှာ ဒမ်ဘီလီကို ထည့်သွင်းအသုံးမပြုခဲ့တာလည်းဖြစ်ပါတယ်။ဒေါ့မွန်အသင်းဟာဘွန်ဒီလီဂါပွဲစဉ် ၃ အဖြစ် အဝေးကွင်းမှာ ဖရိုင်းဘတ်အသင်းနဲ့ သွားရောက်ကစားရမှာလည်းဖြစ်ပါတယ်။အဲ့ပွဲပြီးရင်တော့ ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ စပါးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

SOURCE -FOOTBALL TRANSFER NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။