မိန်းမကိုယ်က အနံ့ဆိုးခြင်း၊ မိန်းမကိုယ်တွင် ထွက်တာက မိန်းကလေးတွေရဲ့ ပြသနာတစ်ရပ်လို့ ပြောလို့ ရပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်က တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိပေမဲ့လည်း ဒီလို ပြသနာကို ရင်ဆိုင် ကြုံတွေ့ရတတ်ပါတယ်။ ဂရုမစိုက်ဘဲ ပေါ့ပေါ့လေး ထားလိုက်လို့လည်း ဆေးရုံတက် ကုသရတဲ့ အထိ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မိန်းမကိုယ် ပြသနာနဲ့ ပတ်သက်ပြီး သိသင့် သိထိုက်သော ဗဟုသုတများကို မျှဝေပေးလိုက်ပါတယ်။

ဘာကြောင့် ဒီလို အနံ့ဆိုးတွေ ဖြစ်ရတာလဲ ?

- ဘက်တီးရီးယား ပိုးမွှားများ ကူးစက်ခြင်း၊ များပြားနေခြင်း

- မှိုပိုး ကူးစက်ခြင်း

- လိင်ဆက်ဆံမှုတစ်ဆင့် ရောဂါများ ကူးစက်ခြင်း

- တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း

- တင်ပါးဆုံတွင် ရောင်ရမ်းမှုများဖြစ်ပေါ်ခြင်း

- မိန်းမကိုယ် အတွင်းပိုင်းထဲ အထိ ဆေးကြောခြင်း .. စသည်တို့ကြောင့် မိန်းမကိုယ်မှ အနံ့ဆိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဘယ်လိုလက္ခဏာမျိုးတွေ ပြတတ်သလဲ ?

- မိန်းမကိုယ်မှ အနံ့နံခြင်း

- ငါးညှီန့ံကဲ့သို့ အနံ့ နံခြင်း

- နီရဲနေခြင်း

- ယားယံခြင်း

- အဖြူဆင်းခြင်း

- မိန်းမကိုယ် ခြောက်သွေ့ခြင်း

ဘယ်လို ကာကွယ်ရမလဲ ???

- အစားအသောက် ဆင်ခြင်ပါ ။ အထူးသဖြင့် အချိုကဲတဲ့ အစားအစားတွေကို ရှောင်ပါ။

- အရက်နဲ့ (caffeine) ကဖင်းဓာတ် များလွန်းတာတွေကို ရှောင်ပါ။

- မိန်းမကိုယ်အတွင်းထိ သန့်စင်ဆေးကြောခြင်းကို ရှောင်ပါ။

- တစ်ကိုယ်ရည် သန့်ရှင်းမှု ဂရုစိုက်ပါ။

- မီးပူတိုက်၊ သေချာစွာ လျှော်ဖွပ်ထားသော အတွင်းခံကိုသာ ၀တ်ဆင်ပါ။

- မိန်းမကိုယ်အား ဆပ်ပြာဖြင့် ဆေးကြောခြင်းကို ရှောင်ပါ။

- လစဉ်သုံးပစ္စည်းကို ၄ နာရီခြား တစ်ခါ လဲပေးပါ။

- မိန်းမကိုယ်အား ရေဆေးရာတွင် အရှေ့မှ အနောက်သို့ ပွတ်ဆေးပါ။

- အားပြင်းလွန်းသော ရေဆေးပိုက်ကို ရှောင်ပါ။

- အမွှေးနံ့ပါသော မိန်းမကိုယ် သန့်စင်ဆေးရည်ကို ရှောင်ပါ။

- မိန်းမကိုယ် သန့်စင်ဆေးရည်ကို တစ်နေ့ နှစ်ကြိမ်ထက်ပို၍ အသုံးမပြုသင့်ပါ။

- လိင်ဆက်ဆံပြီးသည့်အခါတိုင်း မိန်းမကိုယ်ကို ဆေးကြောပါ။

ဘယ်လိုနည်းလမ်းတွေနဲ့ ကုရမလဲ ???

ဒီလိုပြောလိုက်တာနဲ့ မိန်းကလေး အများစုက ဆရာဝန်နဲ့ တိုင်ပင်ရမှာ ရှက်၊ ကြောက် ကြသလို အခြားသူ တစ်ဦးဦးနဲ့ တိုင်ပင်ရမှာလည်း စိုးရွံ့ကြပါတယ်။ ဒါ့ကြောင့် အန္တရာယ် (ဘေး) မဖြစ်နိုင်တဲ့ အိမ်တွင်းကုထုံးကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) ရေ များများ သောက်ပါ။

ရေများများသောက်ခြင်းက သင့်အတွက် ကျန်းမာရေး ကောင်းကျိုးများစွာ ရစေပါတယ်။ မိန်းမကိုယ် ပြသနာပါ အပါအဝင်ပေါ့။ ရေများများ သောက်ခြင်းက အဆိပ်နဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ သကြားဓာတ်တွေကိုလည်း စွန့်ပစ်ပေးပြီး မိန်းမကိုယ် အနံ့ဆိုး ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။

(၂) ဒိန်ချဉ်

တစ်နေ့ကို ဒိန်ချဉ် (၂)ခွက် စားပေးခြင်းက မိန်းမကိုယ် အနံ့ဆိုးကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒိန်ချဉ်ထဲက ပါ၀င်တဲ့ ဓာတ်ကြောင့် မိန်းမကိုယ်ရဲ့ PH ကို ထိန်းပေးပါတယ်။

(၃) ရှာလကာရည်

ရေနွေးထဲကို ရှာလာကရည် အနည်းငယ်ရောပြီး မိန်းမကိုယ်ကို ဆေးကြောသန့်စင်ပေးခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ PH မျှတပြီး ဘက်တီးရီးယားပိုးတွေ မပေါက်ဖွားနိုင်လို့ မိန်းမကိုယ် အနံ့ဆိုးကို ကင်းစေပါတယ်။

(၄) ကြက်သွန်ဖြူ

ကြက်သွန်ဖြူ စားသုံးပေးခြင်းဖြင့် ပိုးမွှားတွေကို လွယ်ကူစွာ ဖယ်ရှားစေနိုင်တာမို့ မိန်းမကိုယ် ပြသနာကို သက်သာ ပျောက်ကင်းစေပါတယ်။

(၅) လက်ဖက်ဆီ

ရေထဲသို့ လက်ဖက်ဆီ အနည်းငယ်ထည့်ပြီး မိန်းမကိုယ်ကို သန့်စင်ပေးပါက မှိုပိုးစွဲတာ၊ ဘက်တီးရီးယားပိုး ပေါက်ဖွားတာတွေကို တားဆီးပေးပါတယ်။

(၆) မုန့်ဖုတ်ဆော်ဒါ

ရေနွေးနွေးလေးထဲကို မုန့်ဖုတ်ဆော်ဒါမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းမျှ ထည့်ပြီး မိန်းမကိုယ်ကို သန့်စင်ပေးခြင်းဖြင့်လည်း မိန်းမကိုယ် အနံ့ဆိုးခြင်း ပြသနာကို ကာကွယ်ပေးနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။