နာမည်ကြီး ဒိတ်ဒိတ်ကြဲ အဆိုတော်တစ်ဦးဖြစ်သလို မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုအမြောက်အမြားရရှိထားသူကတော့ အဆိုတော် ရဲရင့်အောင် ပဲဖြစ်ပါတယ်။ နာမည်ကြီး အနုပညာရှင်တစ်ဦးဖြစ်တာမို့ သူရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေကြား သတင်းမွှေးလှပါတယ်။ မင်းသမီးတစ်ဦးနဲ့ အချိန်အတော်ကြာ အတိအလင်းတွဲခဲ့ပြီးနောက် လက်ရှိမှာတော့ တက်သစ်စ သရုပ်ဆောင်သစ်လေး ဧငြိမ်းဖြူနဲ့ တွဲနေတယ်လို့ သိရပါတယ်။

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့အချစ်ရေးကတော့ လက်ရှိပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ပထမပိုင်းမှာ သူငယ်ချင်းတွေအဖြစ် စတင်ရင်းနှီးခဲ့ကြတာဖြစ်ပြီး ချစ်သူတွေဖြစ်တာကတော့ ရ လနီးပါး ရှိပြီလို့ သိရပါတယ်။ မင်းသမီးလေး ဧငြိမ်းဖြူကတော့ ရဲရင့်အောင်ကို ချစ်သူအဖြစ်လက်ခံဖြစ်ခဲ့ပုံနဲ့ ပတ်သတ်ပြီး ပရိသတ်ကြီးကို Popular ဂျာနယ်မှ တဆင့်ယခုလို ပြောပြခဲ့ပါတယ်။

"ညီမတို့က သူငယ်ချင်းတွေလို အရင်ခင်ခဲ့ ကြတာဆိုတော့ သူဘယ်လိုမျိုး ဖြစ်ချင်လဲ ဘယ်လိုမျိုးဖြစ်ခဲ့လဲ ဆိုတာ ညီမကအသိဆုံးပါ၊ ဒီလိုအခြေ အနေတွေ ကို ညီမ လက်ခံနိုင်မလား ဆိုတာ ညီမသေချာ စဉ်းစားတယ်။ လူဆို တာကတော့ အတိတ်ဆိုး တစ်ခုခုတော့ ရှိခဲ့မှာပဲလေ။ ညီမက သူ့ရဲ့ အရင်က အတိတ် တွေကို လုံးဝ စိတ်မဝင်စားဘူး။ ညီမကတော့ သူ့ကိုကိုယ် လက်ခံနိုင်လောက်တဲ့ အခြေအနေမို့လို့ လက်ခံ လိုက်တယ်၊ အခုမှ တရားဝင်တွဲဖြစ်တယ် ဆိုတာက သူလည်း အရှေ့မှာ အကြောင်းအရာလေးတွေ နည်း နည်း ရှိခဲ့တယ်။ ညီမလည်း ညီမမိဘရဲ့ အုပ်ထိန်းမှု အောက်မှာ ရှိနေတဲ့အတွက် ညီမစိတ်ဆန္ဒ တစ်ခု တည်းနဲ့ ဆုံးဖြတ်လို့ မရဘူး။ ညီမ တို့က facebook မှာ မတင်တာပဲရှိတယ်။ အပြင်သွား ရင်လည်း ညီမတို့ နှစ်ယောက် လွတ်လွတ်လပ်လပ် ပဲသွားတာ။ အပြင်မှာ ညီမတို့ကို တွေ့တဲ့ သူတွေ အကုန်လုံး သိပါတယ်၊ ဟိုတစ်ခေါက်က သူငယ်ချင်းလို့ ပြောခဲ့တာ ကလည်း တကယ် သူငယ်ချင်းပဲ ရှိပါသေးလို့ပါ၊ ထွေထွေ ထူးထူး ဖုံးကွယ်ထားတာ မရှိပါဘူး”လို့ ဧငြိမ်းဖြူက ပြောပြ ထားပါတယ် ပရိသတ်ကြီးရေ.........

Source: Popular Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။