ဝက်ဘရွန်းအသင်ဟာသူတို့ရဲ့နောက်တန်းကစားသမား ဂျွန်နီအီဗန့်ကို မန်စီးတီးအသင်းက စိတ်ဝင်စားလာတာမကပဲ လက်စတာအသင်းကပါ ခေါ်ယူဖို့ကမ်းလှမ်းလာခဲ့တာဖြစ်ပါတယ်။ဝက်ဘရွန်းအသင်းက မန်စီးတီးအသင်းရဲ့ ပေါင် ၁၈ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် ယခုတစ်ခါလက်စတာအသင်းရဲ့ ပေါင် ၂၁ သန်း နဲ့ခေါ်ယူရန် ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့တာဖြစ်ပါတယ်။ဝက်ဘရွန်းအသင်းဟာ ဂျွန်နီအီဗန့်အတွက်ပေါင် ၂၅ သန်းထိအလိုရှိနေတာလည်းဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂျွန်နီအီဗန့်ဟာ ၂၀၁၅ ခုနှစ်က မန်ယူအသင်းကနေ ဝက်ဘရွန်းအသင်းကိုပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိဝက်ဘရွန်းနောက်တန်းဟာ ပရီးမီးယားလိဂ်မှာ၃ ပွဲကစားထားပြီး ရှုံးပွဲမရှိထားသေးတာလဲဖြစ်ပါတယ်။ဂျွန်နီအီဗန့်ဟာ လက်ရှိမှာဝက်ဘရွန်းအသင်းမှာဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။လက်စတာအသင်းနဲ့မန်စီတီးအသင်းတို့ အပြိုင်စိတ်ဝင်စားလာခဲ့တာကြောင့်ဂျွန်နီအီဗန့်ရဲ့ တန်ဖိုးဟာ မြင့်တတ်သွားနိုင်ကြောင်း သတင်းများကခန့်မှန်းထားကြပါတယ်

လက်စတာအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းကို ၂ဂိုး ၀ ဂိုးဖြင့်ရံှူးနိမ့်ခဲ့ပြီးနောက် နေုက်တန်းကို အားဖြည့်ရန် ခုလိုမျိုး ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။ဝက်ဘရွန်းအသင်းကလည်း ချက်ချင်းဆိုသလို ပယ်ချခဲ့တာလည်းဖြစ်ပါတယ်။လက်စတာအသင်းဟာ လာမဲ့ပရီးမီယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ရာသီအစမှာ အာဆင်နယ်၊မန်ယူ တို့နဲ့တွေ့ဆုံခဲ့ပြီးနောက် ယခု နောက်ထပ်ပွဲကျပ်တစ်ပွဲအဖြစ် ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာလက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်

Source - Football Transfer News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။