ယနေ့ခေတ်လူငယ်အများစုက မျက်လုံးအားနည်းပဲဖြစ်ဖြစ်၊ လှချင်လို့ပဲဖြစ်ဖြစ် မျက်ကပ်မှန်ကို အသုံးပြုတတ်ကြပါတယ်။ လူငယ်အများစုက မျက်ကပ်မှန်ကို အသုံးပြုကြသော်လည်း မျက်ကပ်မှန်တပ်သူတွေ အနေနဲ့ မဖြစ်မနေ လိုက်နာသင့်သော စည်းကမ်းများကို မေ့လျော့နေလေ့ ရှိတတ်ကြပါတယ်။
အဓိက ကတော့ မျက်ကပ်မှန်ကို ရေနဲ့ မထိဖို့ ဂရုစိုက်ရပါမယ်။ မျက်ကပ်မှန်ကို ဘုံဘိုင်ရေနဲ ့ဆေးခြင်း၊ မျက်နှာသစ်ခြင်း၊ ရေချိုးစဉ် မျက်ကပ်မှန်တပ်ပြီး ရေချိုးခြင်း၊ ရေကူးခြင်း စသည်တို့ကို မဖြစ်မနေ ရှောင်ရှားသင့်ပါတယ်။ ဒီလို ပြုလုပ်ခြင်းက ရေထဲမှာပါတဲ့ သေငယ်လွန်းသော ပိုးမွှားတွေကို မျက်လုံး နဲ ့ထိတွေ့နိုင်တာကြောင့် ရောဂါပိုးကူးစက်မှုနှုန်းကို သိသိသာသာ ဖြစ်ပေါ်စေပါတယ်။
မျက်ကပ်မှန် တပ်ဆင်ခြင်း၊ ပြန်ချွတ်ခြင်း အချိန်မျိုးမှာလည်း လက်သည်းနဲ ့မျက်ကြည်လွှာကို ခြစ်မိရာကနေ မျက်ကြည်လွှာပိုင်းဆိုင်ရာရောဂါကို ထိခိုက်စေနိုင်ပါတယ်။ မျက်ကပ်မှန် တပ်ဆင်သူတွေအနေဖြင့် အောက်ပါ အချက်တွေကိုတော့ မဖြစ်မနေ သိထားပြီး လိုက်နာသင့်ပါတယ်။
မျက်ကပ်မှန်တပ်သူ အများစုကလည်း မျက်ကပ်မှန်တပ်ရင်းနဲ ့ တစ်ရေးတစ်မော အိပ်ပျော်သွားလေ့ ရှိကြပါတယ်။ မျက်ကပ်မှန်တပ်ဆင်သူ သုံးပုံတစ်ပုံက မကြာခဏ ဆိုသလို မျက်စိနီမြန်းခြင်းနှင့် မျက်စိနာခြင်းတို့ကြောင့် ဆရာဝန်နှင့် ကုသရလေ့ ရှိပါတယ်။
၁။ မျက်ကပ်မှန်ကို ကိုင်တွယ်ထိတွေ့မှုမပြုခင် လက်ကိုဆပ်ပြာနဲ ့သေချာဆေးကြောပြီး လက်လုံးဝခြောက်သွေ့သည် အထိ ထားပြီးမှ ကိုင်တွယ်သင့်ပါတယ်။
၂။ မအိပ်ခင်၊ ရေမချိုးခင်၊ ရေမကူးခင်မှာ မျက်ကပ်မှန်ကို ချွတ်ထားပါ။
၃။ မျက်ကပ်မှန်ချွတ်ပြီးတိုင်း ပိုးသတ်ထားတဲ့ဆေးရည်နဲ ့မျက်ကပ်မှန်ကို ဆေးကြော သန် ့စင်ပေးပါ။
၄။ မျက်ကပ်မှန်ထည့်တဲ့ဘူးကို ပိုးသတ်ထားတဲ့ဆေးရည်နဲ ့ဆေးကြောပြီး အဖုံးပိတ်လျက် ဇောက်ထိုးအနေ အထားနဲ ့သိမ်းဆည်းပေးပါ။
ဒါတွေကို သိထားခြင်းဖြင့် မျက်ကပ်မှန်ကို နည်းလမ်းမှန်ကန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။