“ အစာအိမ်အနာ ဖြစ်စေသော အဓိက အကြောင်းအရင်းများ”

အစာအိမ်အနာလို့ပြောလိုက်တာနဲ့ လူတိုင်းက အပူအစပ်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လို့ပဲထင်ကြပါတယ်။ အမှန်တော့ ကျွန်ပ်ရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာ ဘတ်တီးရီးယားပိုးတွေဝင်ရောက်လာခြင်းကြောင့်ဖြစ်ပါတယ်လို့ စမ်းသပ်ချက်တွေအရ တွေ့ရှိခဲ့ရပါတယ်။

နံပါတ်(၁) အဖြစ်အများဆုံး အကြောင်းအရင်း - H.pylori

အစာအိမ်အနာဖြစ်စေတဲ့ နံပါတ်၁ အကြောင်းအရင်းကတော့ H-pylori ဆိုတဲ့ ဘတ်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်ပြီး လူ(၄)ယောက်မှာ (၃)ယောက် နီးပါးကူးစက်ခံနေရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စစ်တမ်းအရ H-pylori က အစာအိမ်အနာဖြစ်ရတဲ့ (၈၀)% - (၉၀)% လောက်ရဲ့ အကြောင်းအရင်းတစ်ခုဖြစ်တဲ့အပြင် အစာအိမ်ကင်ဆာ (၅၀)% နဲ့လည်း သက်ဆိုင်နေပါတယ်။ အစာအိမ်အနာမဖြစ်အောင် အစာအိမ်ကိုယ်တိုင်က သဘာဝအတိုင်းကာကွယ်နိုင်စွမ်းရှိပါတယ်။ အစာအိမ်အတွင်းနံရံ မှာရှိတဲ့ အချွဲမြှေးပါးလေးက အစာအိမ်နံရံကို အက်ဆစ်တွေတိုက်စားမှုမှ ကာကွယ်ပေးထားပါတယ်။ ဒီအစာအိမ်ထဲမှာ ရှိတဲ့အက်ဆစ်တွေက အကာအကွယ်မရှိရင် ခန္ဓာကိုယ်တစ်သျှူးတွေကို ပြင်းထန်စွာ အန္တရာယ်ပေးနိုင်သလို တစ်ချိန်တည်းမှာပဲ အစာချေလုပ်ငန်းအတွက် မရှိမဖြစ် အရေးပါ ပါတယ်။ အစာအိမ်ကို ကာကွယ်ပေးတဲ့ အချွဲလွှာနဲ့ အက်ဆစ်တွေက ဘက်ညီနေရမယ်။. ဒီလိုဘက်ညီ်မှုပျက်စီးသွားပြီဆိုရင် အနာဖြစ်လာစေပါတယ်။ J-pyiori က urease ဆိုတဲ့ဓာတ်တစ်မျိုးထုတ်ပေးပြီး ဒီဓာတ်က အက်ဆစ်တွေကို ဓာတ်ပျယ်စေပြီး အက်ဆစ်မရှိတဲ့နေရာမျှွာ ဘတ်တီးရီးယားပိုးတွေရှင်သန်လာစေပါတယ်။ 

ဒုတိယ အဖြစ်များဆုံး အကြောင်းအရင်း - အကိုက်အခဲပျောက်ဆေးများ

ဒုတိယအဖြစ်များဆုံးအကြောင်းအရင်းကတော့ NSAID လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေပါပဲ။ Aspirin, ibuprofen ပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ကိုကာကွယ်ပေးနေတဲ့ အချွဲတွေထွက်တာကို ပိတ်လိုက်တဲ့အတွက် အစာအိမ်နံရံကို အက်ဆစ်တွေနဲ့ အစာခြေရည်တွေရဲ့ တိုက်စားခြင်းကို ပိုပြီးခံရစေပါတယ်။ ဒီအခါမှာ အစာအိမ်အတွင်းနံရံနဲ့ အက်ဆစ်တွေထဲကို H-pylori ကထိုးဖောက်ဝင်ရောက်လာပါတယ်။

တခါတလေမှာ အစာအိမ်ဆေးတွေက အက်ဆစ်ကိုတားရမယ့်အစား အက်ဆစ်တွေအများကြီးပိုထွက်စေတဲ့အတွက် အစာအိမ်အတွင်းဘက်ညီမှုကို ပျက်စီးစေပြီး အနာဖြစ်ဖို့ (သို့) နာတာရှည်ရင်ပူဖြစ်စေဖို့အတွက် အခွင့်အလမ်းပိုများစေပါတယ်။

အခြားအကြောင်းအရင်းများ

H-pylori တွေ၊ အကိုက်အခဲပျောက်ဆေးတွေလောက်မဆိုးပေမယ့် အစာအိမ်အနာဖြစ်စေဖို့ အားပေးတဲ့ အခြားအကြောင်းအရင်းတချို့လည်းရှိပါတယ်။ အဲဒါတွေကတော့..

အစာ စား မမှန်ခြင်း - အားလုံးသိနေကြတဲ့ အစာအိမ်အနာဖြစ်စေတဲ့အချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် အစာအိမ်အနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်ခြင်းက အစာအိမ်အနာဖြစ်စေဖို့သေချာတဲ့ အချက်တစ်ချက်ဖြစ်စေပါတယ်။

အရက်သောက်ခြင်း - အရက်တစ်မျိုးတည်းကြောင့်တော့ အစာအိမ်အနာမဖြစ်ပေမယ့် H-pylori အကိုက်အခဲပျောက်ဆေးတွေနဲ့အတူဆို ပိုဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှု - ဆေးလိပ်သောက်ခြင်းလိုပဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတွေက အနာကျက်နှေးစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကတော့ အစာအိမ်အနာဖြစ်နိုင်ချေ ပိုများပါတယ်။

ကဖင်းဓာတ် - ကဖင်းဓာတ်က အစာအိမ်ထဲရှိ အက်ဆစ်ပမာဏနဲ့ုပြင်းအားကို များလာစေပြီး အစာအိမ်အနာရှိသူတွေမှာဆိုရင် အနာပိုဆိုးစေပါတယ်။ အက်ဆစ်များများထွက်ရတဲ့ အကြောင်းအရင်းကတော့ ကဖင်းဓာတ်တစ်မျိုးတည်းကြောင့်တော့ မဟုတ်ပါဘူး။ ဘတ်တီးရီးယားပိုး၊ ဆေးလိပ်(သို့) အရက်စတဲ့ အချက်တွေနဲ့ ပေါင်းပြီး ဖြစ်ပါတယ်။

အက်ဆစ် နှင့် pepsin - အက်ဆစ် နဲ့ pepsin ဓာတ်များလွန်းရင်လည်း အစာအိမ်နံရံကို တိုက်စားပြီး အနာဖြစ်စေနိုင်ပါတယ်။ အများအားဖြင့်တော့ အကြောင်းအရင်းတစ်ခုခုကြောင့် အစာအိမ်နံရံကို အားနည်းသွားစေပြီး ဒီအခါမှာ ပုံမှန်အက်ဆစ်ဓာတ်ကတောင် နံရံကို တိုက်စားပြီး အနာဖြစ်စေပါတယ်။ အက်ဆစ်များလွန်းရင်တော့ ရင်ဘတ်ကိုအက်ဆစ်တွေပြန်ကန်ထွက်ပြီး ရင်ပူစေပါတယ်။

မိသားစုရောဂါရာဇဝင် - မိသားစုနဲ့ အမျိုးအရင်းတွေထဲမှာ အူသိမ်မှာ အနာပေါက်ဖူးတာမျိုးရှိတယ်ဆိုရင် အဲလိုအနာမျိုးဖြစ်နိုင်ချေများပါတယ်။

ဘာအကြောင်းကြောင့်ပဲအနာဖြစ်ဖြစ် အစာအိမ်အနာကို သေချာကုသမှုခံယူဖို့ အရေးကြီးပါတယ်။

အစာအိမ်အနာဖြစ်လာပြီဆိုရင်တော့ မိမိနဲ့ကိုက်ညီတဲ့ ကုသမှုခံယူရပါမယ်။ ကုထုံးတွေကို ရွေးချယ်တဲ့နေရာမှာ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် စာများများဖတ်ပြီး သိထားဖို့လိုပါတယ်။ ဖြစ်တဲ့ရောဂါလက္ခဏာတွေကို ကုသတာထက် ဖြစ်ရတဲ့နောက်ခံအကြောင်းအရင်းကို ရှာဖွေကုသရပါမယ်။

သတင်းအရင်းမြစ် က်န္းမာေရးဆိုင္ရာ ဗဟုသုတမ်ား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။