တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွင် ပျောက်ဆုံးနေတဲ့ လူဦးရေအတွက်ဟာ မြင့်တတ်လာနေခဲ့တာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကျေးလက်ဒေသမှာ ထိုမြေပြိုမှုဟာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ထိုမြေပြိုမှုကြောင့် အိမ်ခြေပေါင်းများစွာပျက်စီးဆုံးရံှူးခဲ့ရပြီး လူအသေအပျောက်များစွားလည်း ရှိလာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ လူဦးရေ ၃၂ ယောက်ထိပျောက်ဆုံးနေခဲ့တာဖြစ်ကြောင့် အာဏာပိုင်များက ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ ကျေးလက်ဒေသများနဲ့ တောင်တန်းဒေသတွေဟာ မြေပြိုမှုများမကြာခဏဖြစ်ပွားလေ့ရှိတာလည်းဖြစ်ပါတယ်။ထိုမြေပြိုမှုများဟာ အဓိကအားဖြင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးအချိန်များမှာ ပိုမိုဖြစ်ပွားနိုင်တာလည်းဖြစ်ကြောင်းသိရပါတယ်။မြေပြိုမှုများကြောင့် သဘာဝဘေးကြုံခဲ့ရတဲ့ ဒေသခံများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းဆက်လက်ဆောင်ရွယ်ပေးနေကြောင်ူကိုလည်း သိရှိရပါတယ်

တရုတ်အာဏာပိုင်များက မြေပြိုမှုအတွက် အရေးပေါ်သတိပေးချက်များအနေနဲ့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့်လေး အရေးပေါ်တုံ့ပြန်မှု အဆင့်ကို ထုတ်ပြန်ထားခဲ့ပြီဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်။တောင်ကမ်းပါးယံများပြိုကြလာခဲ့တာကြောင့် ဒေသခံများကြောက်လန့်တကြား အော်ဟစ်ဆူညံနေတဲ့ မြေပြိုမှုဖြစ်စဉ်ကို နိုင်ငံပိုင် သတင်းငှါနတစ်ခုဖြစ်တဲ့ People`s Daily Monday သတင်းငှါနက တွစ်တာမှာ ဗီဒီယိုပို့စ်တင်ထားခဲ့ကြောင်းကိုလည်းသိရှိရပါတယ်။ဒါ့အပြင် အလားတူမြေပြိုမှုများဖြစ်ပေါ်ခဲ့တဲ့ စီချွမ်ပြည်နယ်မှာ ကြီးမားတဲ့ မြေပြိုမှုကြောင့် လူ ၃၀ ကျော်ထက်မနည်း သေဆုံးခဲ့ရပြီး လူ ၂၀ ကျော် ပျောက်ဆုံးနေဆဲလည်းဖြစ်ပါတယ်

source - Mizzima - news in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။