အနုပညာလောကရဲ့ ပရိသတ်အားပေးမှု ပရိသတ်ချစ်ခင်မှု ရရှိထားတဲ့ ကလေးသရုပ်ဆောင်တွေထဲမှာ အိစိကွေးနဲ့ ယွန်းယွန်းတို့က ထိပ်ဆုံးကပါဝင်ပါတယ်။ အငို အရယ် စသဖြင့် ကလေးသရုပ်ဆောင်နေရာကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ကြတဲ့ သူတို့နှစ်ယောက် အခုဆိုရင် ဆယ်ကျော်သက် မင်းသား မင်းသမီးလေးတွေတောင် ဖြစ်လို့နေကြပါပြီ။ 

ယွန်းယွန်းကတော့ သီချင်း MTV တွေ ကြော်ငြာတွေ ရိုက်ကူးနေပြီး " မနေ့ကဖြစ်သည် " ဇာတ်လမ်းတွဲမှာ "ပန်းရောင်" ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားပါတယ်။ အိစိကွေးကတော့ သီချင်းအယ်လ်ဘမ်တစ်ခု ထွက်ရှိထားပြီး လက်ရှိမှာတော့ အောင်ရဲလင်း ခိုင်သင်းကြည်တို့နဲ့အတူ ဇာတ်ကား ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ငယ်စဉ်ကတည်းက ဇာတ်ကားတွေမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ သူတို့နှစ်ယောက်ကတော့ ယခုချိန်ထိ ခင်မင်နေကြဆဲဖြစ်ပါတယ်။

တလောက အိစိကွေးတင်ထားတဲ့ status ရဲ့အောက်မှာ ယွန်းယွန်းက

"You က အကွဲတစ်လိုင်း..

ဒီမှာက အဖြုန်းတစ်လိုင်း..

သူသိပ်မှန်တယ် ???" ဆိုပြီး သူငယ်ချင်း အချင်းချင်း ရင်းရင်းနှီးနှီး comment ရေးသားပြီး စနောက်ထားတာတွေ့ရပါတယ်။ ယွန်းယွန်းကတော့ လက်ရှိမှာ တက္ကသိုလ်ပထမနှစ်တက်ရောက်နေပြီး အိစိကွေးကတော့ လာမည့်နှစ်မှာ တက္ကသိုလ်တက်မှာ ဖြစ်တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ.....

Source: Ko Ko Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။