အနုပညာ နာမည် ဆန်းဆန်းလေးကြောင့် ပရိသတ်တွေ သတိထားမိခဲ့သလို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ သွင်ပြင်လေးကြောင့် ပရိသတ်တွေကြား နာမည်ကြီးခဲ့သူကတော့ ခရစ္စတီးနား ဖြစ်ပါတယ်။ အနုပညာနယ်ပယ်ကနေ ပျောက်ကွယ်နေတဲ့သူမကတော့ သူမကြံုတွေ့ခဲ့ရတဲ့ relationship နဲ့ပတ်သတ်တဲ့ အတွေ့အကြံုအချို့ကို ယခုလို ပြောပြခဲ့ပါတယ် ပရိသတ်ကြီးရေ။

"ချစ်သူမရှိတော့ဘူး။ Relationship ကတော့ ရည်ရွယ်ထားတဲ့ ချစ်သူတော့ရှိခဲ့ဖူးတယ်။ ဒီအသက်အရွယ် အပိုင်းအခြားတစ်ခုမှာ လက်ထပ်ဖို့ထိ ရည်ရွယ်ထားခဲ့တယ်။ ဒါပေမဲ့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် လက်ထပ်ဖို့ထိတော့ မဖြစ်လိုက်ဘူးပေါ့နော်။ အချိန်အကြာကြီး ချစ်ခဲ့ပြီး လက်ထပ်ခါနီးမှ ပြတ်သွားတာဆိုတော့ စိတ်ထိခိုက်မှုတော့ နည်းနည်းရှိခဲ့တယ်။

ဘယ်အရာမှ မတည်မြဲဘူး။ ကိုယ်ရည်ရွယ်ထားပေမဲ့ တစ်ခါတစ်လေ ကိုယ်မထင်တာတွေ ဖြစ်သွားတယ်။ လူနှစ်ယောက် ကံစပ်ဖို့ ဖူးစာဆိုတာကိုလည်း ယုံတယ်။ အခုဆို facebook တွေဘာတွေပေါ်လာတယ်။ ဒါကြောင့် မသေချာဘဲနဲ့ facebook တွေဘာတွေပေါ်မတင်ပါနဲ့။ ကိုယ်တစ်ဘဝလုံး လက်တွဲသွားမယ့်သူကို သေချာမှ ကြေညာပါလို့ ပြောချင်ပါတယ်" ဆိုပြီး သူမက Myanmar Celebrity သို့ ဖြေဆိုထားပါတယ် ပရိသတ်ကြီးရေ......

Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။