မလေးရှားကိုခြေစမ်းပွဲမှာအနိုင်ကစားခဲ့တဲ့လက်ရွေးစင်အသင်းကြီး

မနေ့ကကစားခဲ့တဲ့မြန်မာ့လက်ရွေးစင်အသင်းကြီးနဲ့

မလေးရှားလက်ရွေးစင်အသင်းကြီးတို့ခြေစမ်းပွဲမှာမြန်မာတို့

အနိုင်ရခဲ့ပါတယ်။မြန်မာအသင်းအတွက်တစ်လုံးတည်းသော

အနိုင်ဂိုးကိုတော့ပွဲပြီးဆုံးခါနီးမှာတိုက်စစ်မှူးကျော်ကိုကို

ကသွင်းယူပေးခဲ့တာပါ။မင်းမင်းသူ၊တင်ဝင်အောင်၊

ကျော်ကိုကိုတွဲလုံးကနေတဆင့်မြန်မာတို့အတွက်အဖိုးတန်

အနိုင်ဂိုးကိုရယူပေးခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမြန်မာ့လက်ရွေးစင်အသင်းရဲ့နည်းပြချုပ်ဟာ

ဆီးဂိမ်းနည်းပြဂတ်ဖြစ်ပါတယ်။ဒီနေ့ရန်ကုန်ကို

ပြန်ရောက်လာမယ့်ဂတ်ဟာမြန်မာ့လက်ရွေးစင်

အသင်းကြီးရဲ့လူစာရင်းကိုမကြာခင်အပြီးသတ်

ထုတ်ပြန်ဖို့ရှိပါတယ်။လက်ရှိမှာတော့ရှမ်းနည်းပြ

ဦးစိုးမြတ်မင်းကအသင်းကြီးကိုယာယီ

ကိုင်တွယ်ထားပြီးပဏာမလက်ရွေးစင်

အယောက်20ရွေးထားပါတယ်။

လက်ရှိလူစာရင်းမှာတော်ဇင်မင်းထွန်း၊ဒွေးကိုကိုချစ်၊

ချစ်စုမိုး၊စိုးမြတ်သူစတဲ့ကစားသမားတွေပါဝင်နေပါတယ်။

ဒါပေမယ့်ဆီးဂိမ်းကပြန်ရောက်လာမယ့်အောင်သူတို့

ပြန်ရောက်လာရင်တော့မြန်မာ့လက်ရွေးစင်

အသင်းရဲ့လူစာရင်းကအပြောင်းအလဲဖြစ်ဖို့များပါတယ်။

Photo-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။