ခင်ပွန်းကြီးဆယ်ပါးဆိုတာ ဗုဒ္ဓဘာသာအတွက် အရေးကြီးပါတယ်။ ခင်ပွန်းကြီးဆယ်ပါးထဲမှာ ဆရာလည်းပါ၀င်ပါတယ်။ ဗုဒ္ဒဘာသာမှမဟုတ်ပါဘူး။ အခြားကိုးကွယ်ရာဘာသာတွေမှာလည်း ဆရာဆိုတာကို လေးစားကြပါတယ်။ 

ခုဆိုခေတ်ကြီးကမကောင်းတော့ပါဘူး။ အချို့ကိစ္စရပ်တွေဆိုရင် မြေမြိုလောက်အောင်ကို ဆိုးရွားတဲ့ ကိစ္စတွေကို လူသားတွေက လုပ်ဆောင်နေကြပါတယ်။ ယခုလည်း ဆရာ့ကို တပည့်ဖြစ်သူက ပြန်လည်ရိုက်ခဲ့တာပါ။ ယခုဖြစ်ရပ်ကတော့ အမေရိကန်မှာဖြစ်ပွားခဲ့တာပါ။ 

အမေရိကန် တောင်ပိုင်းက အထက်တန်းကျောင်းတစ်ခုမှာ ဖြစ်ပါတယ်။ ဆရာနှင့််တပည့်နှင့် အချင်းများနေစဉ် တပည့်ဖြစ်သူက ဆရာ့ကို ထိုးခဲ့တာပါ။ တပည့်က ၁၆နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးပါ။ ယခုကိစ္စကို ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။ အောက်မှာ ဆရာကိုတပည့်က ထိုးနေတဲ့ ဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။