မိုနာကိုအသင်းဟာ အသင်းကနေထွက်ခွာဖို့သေချာနေတဲ့ အမ်ဘတ်ပီနေရာမှာအစားထိုးဖို့ တိုက်စစ်မှူးနှစ်ဦးကိုခေါ်ယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။တစ်ရက်ထဲမှာပဲ နှစ်ယောက်လုံးကို စာချူပ်ချူပ်ပြီးခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းဟာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး ဂျိုဗီတစ်ကို ပေါင် ၉ သန်းနဲ့ ၄ နှစ်စာချူပ်ချူပ်ဆိုပြီးခေါ်ယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့ မိုနာကိုအသင်းဟာ လာဇီယိုအသင်းရဲ့တိုက်စစ်မှူးကီတာဘလိတ်ကို ပေါင် ၂၇ သန်းနဲ့ ၅ နှစ်စာချူပ်ချူပ်ဆိုပြီးခေါ်ယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်

အသက် ၂၂ နှစ်သာရှိသေးတဲ့ ကီတာဘလိတ်ဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့အခြေအနေမှာ မိုနာကိုအသင်းက ကြားဖြတ်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။လာဇီယိုအသင်းမှာခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူး ကီတာဘလိတ်ကတော့ အမ်ဘတ်ပီနေရာမှာအစားထိုးကစားနိုင်မလားဆိုတာတော့ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။အမ်ဘတ်ပီကတော့ PSG အသင်းကို ရောက်ရှိဖို့ ရာခိုင်နူန်း အတော်များများ ကျိန်းသေနေပြီလည်းဖြစ်ပါတယ်

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဂျိုဗီတစ်ကတော့ အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ကစားသမားဘဝမှာ မန်စီးတီ၊ ဆီဗီလာ ၊အင်တာမီလန်အသင်းတို့မှာ ကစားခဲ့ဖူးတာကြောင့် သူရဲ့အတွေ့အကြုံတွေက မိုနာကိုအသင်းမှာ အကောင်းဆုံးကူညီပေးနိုင်မယ်လို့ ဂျိုဗီတစ်ကတော့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းမှာ ဂျိုဗီတစ်ဟာ ကျောနံပါတ် ၁၁ ကိုဝတ်ဆင်ကစားသွားမှာဖြစ်ပြီး ကီတာဘလိတ်ကတော့ ကျောနံပါတ် ၁၄ ကိုဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။

source - monaco 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။