တစ်ချို့သော ကလေးငယ်များတွေမှာ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းခြင်း၊ နောက်ကျခြင်း စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အနည်းငယ် ဖော်ပြပေးလိုက်ပါတယ်။ ဒီလို ဝေဒနာမျိုးကို ခံစားရပြီဆိုရင် ကာယကံရှင် ကလေးငယ်သာမက မိသားစုကပါ အလွန် စိတ်ထိခိုက်ရပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုး ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းပြီဆိုရင် ကုရ ခက်တာကြောင့် မဖြစ်ခင်မှာကတည်းက ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးငယ်များအတွက် အရေးကြီးဆုံးက မိဘ ပါပဲ။ နောက် မိသားစု တွေကလည်း ၀ိုင်းဝန်း စောင့်ရှောက်ဖို့ အရမ်း အရေးကြီးပါတယ်။

ဘာကြောင့် ဦးနှောက်ချို့ယွင်းမှု အားနည်းခြင်း ဖြစ်ရတာလဲ ???

- လ မစေ့ဘဲ မွေးဖွားခြင်း

- ကိုယ်ဝန်ဆောင်စဉ် မိခင်က ရောဂါပိုး ခံစားရခြင်း

- မွေးဖွားချိန်တွင် ခက်ခဲစွာ မွေးဖွားခဲ့ရခြင်း

- အရွယ်ရောက်ခါစ အချိန်တွင် ဦးခေါင်းဒဏ်ရာရခြင်း

- အစာ အဆိပ်ဖြစ်ခြင်း

- မတော်တဆ ထိခိုက်မှု ဖြစ်ပွားခြင်း (Accident ဖြစ်ခြင်း)

- မျိုးရိုးဗီဇ အရ ဖြစ်ခြင်း (ရာခိုင်နှုန်း အရမ်းနည်းပါတယ်) … စတဲ့ အချက်တွေက ဦးနှောက်ချို့ယွင်းမှု အားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ခုနက ပြောခဲ့သလိုပဲ ပြန်လည်ကုသဖို့ရာ ခက်ခဲတာကြောင့် အရမ်းဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေက စကားမပြောတတ်တာမျိုး၊ လူကြီးတစ်ယောက်လောက် အသိဉာဏ် မရှိသေးတာကြောင့် မိဘ၊ မိသားစုတွေက ကလေးငယ်လေးတွေကို အရိပ်တကြည့်ကြည့် ပြုစု စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒီလို ခံစားနေရတဲ့ ကလေးငယ်တွေ၊ ဦးနှောက်ချို့ယွင်းမှု အားနည်းနေသူတွေကို မိသားစု၊ လူမှုဝန်းကျင်က အကောင်းဆုံးဖြစ်အောင် ဘာတွေ လုပ်ပေးနိုင်လဲ ဆိုတာကို တင်ဆက်ချင်ပါတယ်။

- ဂရုတစိုက် ကျွေးမွေးပါ

- တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပေးပါ

- ကိုယ်တိုင်လုပ်ဖို့ အခက်အခဲရှိတာကြောင့် အောက်ခြေသိမ်း အကုန်လုပ်ပေးပါ။

- လိုအပ်တာတွေကို တတ်နိုင်သလောက် ဖြည့်စည်းပေးပါ။

စသည်ဖြင့် လူသားချင်း ကိုယ်ချင်းစာနာပြီး ဒီလို ကလေးငယ်၊ ဝေဒနာရှင်လေးတွေကို ဂရုတစိုက် စောင့်ရှောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

သတင်းအရင်းအမြစ် - Health Fit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။