အာဆင်နယ် အသင်း၏နည်းပြ ၀င်းဂါးအဖို့တော့ စိတ်ပူစရာကိစ္စတစ်ခုပါ။ တနင်္ဂနွေနေ့က အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်(၃)အဖြစ် လီဗာပူးနှင့် အာဆင်နယ်တို့ ကစားခဲ့ကြပါတယ်။ ပွဲချိန် ၁၇မိနစ်မှာတော့ လီဗာပူးတို့ အဖွင့်ဂိုးရခဲ့ပြီး ဒီဂိုးကို ဖာမီနိုက သွင်းယူပေးခဲ့တာပါ။ လီဗာပူးကို ဂိုးပေးလိုက်ရတဲ့နောက်မှတော့ အာဆင်နယ်တို့ စိတ်ဓာတ်ကျဆင်းသွားပုံရပါတယ်။ ပွဲချိန် ၄၀မိနစ်မှာ တိုက်စစ်မှူး မာနေးက လီဗာပူးအတွက် ဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။ 

ပွဲချိန် ၅၇မိနစ်မှာ ဆာလာက ၃ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။ နောက်ဆုံးဂိုးကိုတော့ လူစားဝင်လာတဲ့ တိုက်စစ်မှူး စတာရစ်ချ်က သွကင်းယူပေးခဲ့တာပါ။ ဒါကြောင့် အန်ဖီးကွင်းမှာ လီဗာပူးတို့ အာဆင်နယ်ကို ၄-၀ ဖြင့်အနိုင်ယူကာ ၃မှတ်ရယူခဲ့ပါတယ်။ ဒါကြောင့် ဂန်းနားတို့၏နည်းပြကြီး အာစင်ဝင်းဂါးက လီဗာပူးကို ခါးခါးသီးသီး ရှုံးနိမ့်ခဲ့တာနှင့် ပတ်သတ်ပြီးတောင်းပန်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ စတုတ်စတီးနှင့် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။ 

ယခုအခါ အာဆင်နယ် အသင်း၏ နည်းပြ အာစင်ဝင်းဂါးသည် ပရီးမီးယားလိဂ် ရာသီသစ်၏ ပထမဆုံး ထုတ်ပယ်ခံရမည့် နည်းပြအဖြစ် အလေးပေးချက်များတွင် တတိယနေရာ ရောက်ရှိလာကြောင်း သိရသည်။နံပါတ်တစ်နှင့် နှစ်နေရာများတွင် ပရီးမီးယားလိဂ်ရာသီအဖွင့် သုံးပွဲဆက်အရေး နိမ့်ထားသည့် ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဖရန့်ဒီဘိုးဝါးက ၁း၂ လေး၊ ၀က်စ်ဟမ်းအသင်းနည်းပြ ဆလာဗန်ဘီလစ်က ၆း၄ လေး တို့ဖြင့် ရပ်တည်နေသည်။ အာစင်ဝင်းဂါးကမူ ၁၂း၁ လေးဖြင့် တတိယနေရာ၌ ရှိနေခြင်းဖြစ်သည်။ အာစင်ဝင်းဂါး၏နေရာတွင် အစားထိုး မည့်နည်းပြများအဖြစ်လည်း အူနိုင်းအမ်မရီ၊ အွန်နရီ၊ မန်စီနီ၊ ရီမီဂတ်၊ ဟာဆန်ဟူတယ်၊ မိုက်ကယ်လောဒရပ်၊ မာကိုဆေးလ်ဗား၊ ပယ်လီဂရီနီ၊ လောရင့်ဘလန့်တို့က ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။