ဒီငါးဟာ သာမာန်ငါးတွေနဲ့မတူဘဲ ကွဲပြားနေပါတယ်။တမူကွဲပြားနေတဲ့ ငါးမျိးစိပ်တစ်မျိုးဖြစ်ပါတယ်။သူတို့ဟာ Atlantic သမုဒ္ဒရာအရှေ့ပိုင်းမှာအများဆုံးတွေ့ရလေ့ရှိပြီး Mediterranean ပင်လယ်တွေမှာလဲတွေရနိုင်ပါတယ်။ဒီအကောင်တွေကိုတော့ Red Gurnard လို့ခေါ်ပါတယ်။သူတို့ဟာ တစ်ကိုယ်လုံးအနီရောင်ရှိပြီး အတာင်ပံတွေကလည်း လိပ်ပြာအတောင်ပံတွေရှိတဲ့ ထူးဆန်းငါးပါပဲ။

လိပ်ပြာအတောင်ပံတွေပြာ တကယ်လိပ်ပြာစစ်စစ်တစ်ကောင်ရဲ့အတောင်ပံနဲ့ငါးတစ်ကောင်ကိုယ်ကို တတ်ထားသလိုပါပဲ။ဒီကောင်တွေကို ပင်လယ်ရေအောက် ၉၈ ပေနဲ့ ၈၂၀ မှာအများဆုံးကျက်စားလေ့ရှိတာကို တွေ့ရပါတယ်။အတ္တလန်တိတ် သမုဒ္ဒရာဟာ ထူးဆန်းတဲ့ငါးမျိုးစိတ်တော်တော်များများကို တွေရလေ့ရှိပါတယ်။

အာန္တာတိကတိုက်ဘက်က ရေခဲမြစ်တွေမှာဆိုလျှင် သိပ္ပံပညာရှင်များယခုထိအတည်မပြုနိုင်သေးတဲ့ အကောင်ပေါင်းများစွာကိုယနေ့အထိတွေ့မြင်ရဆဲဖြစ်ပါတယ်။ယခုဒီငါးဟာလည်း အတ္တလန်တိတ် သမုဒ္ဒရာမှာတွေ့ရှိတာဖြစ်ပြီး အတောင်ပံပါသော်လည်း မပျံသန်းနိုင်တဲ့ငါးမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။

အရွယ်အစားကတော့ ၄ စင်တီမီတာလောက်ပဲရှိပါတယ်။ရေထဲမှာတော့ သူရဲ့အတောင်တွေနဲ့ လှပစွာခတ်နိုင်ပါတယ်။ 

သတင်းအရင်းမြစ် : သုတဇုန္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။