လူငယ် အများစုက ဆံပင်ကို အရောင်အမျိုးမျိုး ဆေးဆိုးလေ့ ရှိကြပါတယ်။ တစ်ချို့ဆို မကြာခဏ ဆိုသလို ဆံပင်ကို ဆေးဆိုးလေ့ရှိကြပါတယ်။ ဆံပင် အမည်းထပ်ထွက်လာတာနဲ့ ဆံပင် အရောင်ကို ပြန်ညှိလေ့ ရှိကြပါတယ်။ အမှန်တော့ ဆံပင်ဆေးဆိုးခြင်းကို လူငယ်တွေသာ မဟုတ်ဘဲ လူကြီးတွေကပါ ဆံပင်အဖြူ ဖုံးဖို့အတွက် ဆိုးလေ့ ရှိကြပါတယ်။


ဆံပင်ဆိုးလို့ ဘာတွေ ဖြစ်နိုင်သလဲ ???

- ဦးရေပြား ယားယံခြင်း

- ဦးရေပြား ခြောက်ခြင်း

- ဓာတ်မတည့်မှု ဖြစ်ပေါ်ခြင်း

- ဆံပင် ကျွတ်ခြင်း

- ဆံသား ပျက်စီးမှုများ ဖြစ်ခြင်း

- အဆိုးဆုံးအနေဖြင့် ဦးရေပြား ကင်ဆာဖြစ်ခြင်း

စသည်ဖြင့် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

တကယ်လို့ ဆံသားက ဦးရေပြားပေါ်မှာ မဟုတ်ဘဲ မျက်နှာပေါ် ရောက်သွားတဲ့အခါ မျက်နှာ အရေပြားကိုပါ ထိခိုက် ပျက်စီးစေပါတယ်။ မျက်လုံးကို မတော်တဆ ထိမိတယ်ဆိုရင်လည်း မျက်လုံးကို အန္တရာယ် ပေးနိုင်ပါတယ်။

ဆံပင် ဖြောင့်၊ ကောက်တဲ့အခါ သုံးတဲ့ ဆေးတွေကလည်း များသောအားဖြင့် ဦးရေပြားကို ထိခိုက်ပျက်စီးစေပါတယ်။ ဆံပင်ဆိုးလို့ ရသော ဆိုးကျိုးများနှင့် သိပ်ကွာခြားမှု မရှိတာကြောင့် တတ်နိုင်သလောက် လျှော့သုံးတာမျိုး၊ ရှောင်ရှားတာမျိုး လုပ်သင့်ပါတယ်။

ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်အတွက် အောက်ပါနည်းလမ်းများကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

- Chemical အနည်းဆုံးဖြစ်တဲ့ ဆေး အမျိုးအစားကို သုံးပါ

- စိတ်ချ ယုံကြည်ရသော ပညာရှင်နဲ့သာ ဆေးဆိုးပါ

- ဆံသား နှင့် ဦးရေးပြားကို ဂရုစိုက်ပါ။

- ဆံသား နှင့် ဦးရေပြားအတွက် treatment (ကုထုံး) ပြုလုပ်ပါ

ဒါ့အပြင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအနေဖြင့် ဆေးဆိုးခြင်းကို ရှောင်ရှားသင့်ပါတယ်။

- ကိုယ်ဝန်ဆောင် မိခင်များ

- ကင်ဆာ ရောဂါဝေဒနာရှင်များ

- ဓာတ်မတည့်တဲ့ ရောဂါ ဝေဒနာရှင်များ - စသည်တို့ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - Health Fit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။