မိဘဆိုသည်မှာ သားသမီးကို အလွန်ပင်ချစ်တတ်ကြသည်။ မိဘ၂ဦးအနက်မှ မိခင်သည် သားသမီးများပေါ်ပိုမို၍ ဂရုနာအကြင်နာပိုထားတတ်ကြသည်။ ယခူဖြစ်ရပ်တွင်တော့ မိခင်ဖြစ်သူက မိမိ၏ အမြွာသမီး၂ယောက်ကို ပစ်သတ်ခဲ့ပါတယ်။ ထို့နောက် သူမကိုသူမ အဆုံးစီရင်သွားခဲ့ပါတယ်။

ယခုဖြစ်စဉ်က အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့တာပါ။ တနလာင်္နေ့က အမေရိကန် ချီကာဂိူပြည်နယ်ရှိ အဆိုပါမိသားစု နေအိမ်မှာ အလောင်းတွေကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။ သေဆုံးသူ မိခင်ဖြစ်သူအမျိုးသမီးနာမည်ကတော့ ဆယ်လီစာဟယ်လင်းဖြစ်ပြီး အသက်က ၄၁နှစ်ရှိပါပြီ။ ထိုအမျိုးသမီးသတ်ခဲ့တဲ့လို့ယူဆရတဲ့ အမြာသမီးလေးတွေက အသက်၆နှစ်ရှိပါပြီ။ 

ကလေးတွေ၏ နာမည်ကတော့ မာလ်ကယ်နှင့်အက်ဒီဆင်ဖြစ်ပါတယ်။ ရဲတွေ၏အဆိုအရ မိခင်ဖြစ်သူကို ကိုယ့်ကိုကိုယ်ပစ်ထားတယ်လို့ ယူဆရတဲ့ သေနတ်ဒဏ်ရာနှင့် တွေ့ရှိခဲ့ပြီး ကလေးတွေကိုလည်း သေနတ်ဒဏ်ရာနှင့်တွေ့ခဲ့တာပါ။ အဆိုပါ အမျိုးသမီး၏ယောက္ခမကတော့ သူရဲ့သားဖြစ်သူ အမျိုးသမီး၏လင်ယောကျာ်းက အမျိုးသမီးထံဖုန်းခေါ်ခဲ့သော်လည်း အမျိုးသမီးကဖုန်းမကိုင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ထို့နောက် ယောကျာ်းဖြစ်သူက အိမ်သို့ပြန်ရောက်လာသောအခါ အလောင်းတွေကို တွေ့ရှိခဲ့ရတာပါ။ အိမ်နီးချင်းတစ်ယောက်ဖြစ်သူ ပေါလ်ကတော့ မိခင်ဖြစ်သူ ဆယ်လီစာဟယ်လင်းက သူ့၏သမီးလေးတွေကို အရမ်းချစ်သူဖြစ်ပြီး မိခင်ကောင်းတစ်ယောက်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ အမျိုးသမီးအနေနှင့်ဘာလို့ ဒီလိုသတ်ခဲ့လဲဆိုတာ ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိပါတယ်။

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။