သြဂုတ်လ ၂၉ ရက်က အာဖဂန်နစ္စတန်နိုင်ငံမှာ အသေခံဗုံးပေါက်ခွဲတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အသေခံဗုံဖောက်ခွဲသူများဟာ အာဖဂန်နစ္စတန်နိုင်ငံရှိ ကဘူးလ်မြို့တော်တွင်းရဲ့ ဘဏ်တစ်ခုကိုပစ်မှတ်ထားဖောက်ခွဲခဲ့တာလည်းဖြစ်ပါတယ်။ယင်းအသေခံဗုံးပေါက်ခွဲမှုကြောင့် အနည်းဆုံး လူခြောက်ဦးသေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်းကိုလည်းသိရပါတယ်။" ဒီနေ့မနက် ဆယ်နာရီလောက်မှာ ဘဏ်ကိုအသေခံတိုက်ခိုက်ပါတယ်။စစ်သားနဲ့ရဲတစ်ချို့ သေဆုံးဒဏ်ရာရပါတယ်။" လို့တာလီဘန်ဖက်က ပြောခွင့်ရသူတစ်ဦးက တွစ်တာတွင် ရေးသားခဲ့တာလည်းဖြစ်ပါတယ်။

အသေခံဗုံးခွဲသူဟာ လစာငွေလာရောက်ထုတ်ယူကြသော စစ်သားနဲ့ရဲများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ တာလီဘန်တို့က ကြေညာခဲ့တာလည်းဖြစ်ပါတယ်။"အသေခံသမားရဲ့အလောင်းကတော့ ရစရာမရှိအောင် ဖြစ်သွားတယ်။အမျိုးသမီးလေးယောက်အပါအဝင် ဒဏ်ရာရသူတွေကိုအရေးပေါ်ကားတွေနဲ့ဆေးရုံတင်ပို့ခဲ့ရတယ်" လို့ပြည်သူ့ကျန်းမာရေးဝန်ကြီးငှါန ပြောရေးဆိုခွင်ရှိသူက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့များ လစာလာထုတ်ကြသော ဘဏ်များကို တာလီဘန်တို့က မကြာခဏဗုံးခွဲတိုက်ခိုက်လေ့ရှိတာလည်းဖြစ်ပါတယ်။ပေါက်ကွဲမှုကျူးလွန်ခဲ့သူဟာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်းကိုလဲ သိရပါတယ်။ယခုဖြစ်စဉ်ဟာ အမေရိကန်သံရုံးအနီးရှိ ဘဏ်တစ်ခုမှာဖြစ်ပွားခဲ့တာလည်းဖြစ်ပြီးအရပ်သားငါးဦးနဲ့ တိုက်ခိုက်သူတစ်ဦး သေဆုံးခဲ့ကြောင်း ရဲငှါနပြောရေးရှိသူ ကထုတ်ပြန်ကြေညာခဲ့ပါတယ်

source - mizzima - news in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။