ပရိသတ်တွေတစ်ခဲနက်ကြိုဆိုခဲ့ကြတဲ့မြန်မာU-22အသင်းသားများ

မြန်မာအမျိုးသားဘောလုံးအသင်းဟာမြင်းကောင်းခွာလိပ်

ဖြစ်ခဲ့ရတာအားလုံးအသိပါပဲ။မြန်မာ့ဘောလုံး

ပရိသတ်ကြီးမျှော်လင့်ခဲ့ရတဲ့ဆီးဂိမ်းရွှေတံဆိပ်ဆုကြီး

ကိုလည်းလက်လွတ်ခဲ့ရပါတယ်။ဒါပေမယ့်လည်း

မြန်မာအသင်းအားပေးသူပရိသတ်ကြီးကတော့

အပြစ်မမြင်ခဲ့ကြပါဘူး။ဒီနေ့နေ့လည်မှာပြန်ရောက်လာတဲ့

မြန်မာဘောလုံးအသင်းကိုတစ်ခဲနက်ကြိုဆိုခဲ့ကြပါတယ်။

"ကိုယ်တွေကသာတာဝန်မကျေတာ

ဘာဆုမှမရတာတောင်လာကြိုကြတယ်။အရမ်းကျေးဇူး

တင်တယ်ဗျာ"ဆိုပြီးဆန်းဆက်နိုင်ကပြောကြားခဲ့ပါသေးတယ်။

မြန်မာအသင်းဂိုးသမားလေးကတော့ပရိသတ်တွေ

သူတို့ကိုလာကြိုတာအံအားသင့်နေပုံပါပဲ။

မြန်မာဘောလုံးအသင်းကိုလာကြိုကြတဲ့အထဲမှာ

ထူးထူးခြားခြားအနေနဲ့Missတွေလည်းပါဝင်ခဲ့တာတွေ့ရ

ပါတယ်။သူတို့ကတော့စည်သူအောင်၊အောင်သူ၊

သန်းပိုင်တို့ကိုပန်းစည်းတွေပေးပြီးကြိုဆိုခဲ့ကြတာ

တွေ့ရပါတယ်။မြန်မာအသင်းကိုအားပေး

ကြတဲ့ပရိသတ်ကြီးကတော့တကယ့်ကိုချီးကျူးစရာပါ။

photo-ma khin nant thar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။