PSG အသင်းရဲ့တောင်ပံကစားသမား ဒီမာရီယားဟာ အသင်းဟောင်းရီးရဲလ်မက်ဒရစ်အသင်းရဲ့မဟာပြိုင်ဘက် ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ကစားလိုနေတာလည်းဖြစ်ပါတယ်။ဒီမာရီယားဟာ ဘာစီလိုနာအသင်းမှာ အာဂျင်းတီနားအသင်းဖော် မက်ဆီနဲ့ တွဲဖက်ကစားဖို့ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။PSG အသင်းဟာ လက်ရှိမှာ နေမာကို ခေါ်ယူထားခဲ့တာဖြစ်ပြီး မိုနာကို အသင်းရဲ့တိုက်စစ်မှူး အမ်ဘတ်ပီကို လည်းခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်

ဒီမာရီယားဟာ PSG အသင်းရဲ့နည်းပြ အူနိုင်းအမ်မရီကို အသင်းကနေထွက်ခွာလိုနေတယ်လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် အသင်းကနေထွက်ခွာချင်ရတဲ့ အကြောင်းမှာ ဘာစီလိုနာအသင်းမှာ ကစားလိုနေတာဖြစ်တယ်လို့ ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ဒီမာရီယားအတွက် PSG အသင်းကို ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တာကြောင့် ဒီမာရီယားဟာ ဘာစီလိုနာအသင်းကိုပြောင်းဖို့ စိတ်အားထက်သန်နေတာလည်းဖြစ်ပါတယ်

PSG အသင်းဟာ အမ်ဘတ်ပီကို ခေါ်ယူနိုင်ဖို့ သဘောတူညီချက်ရရှိထားခဲ့တာကြောင့် ဒီမာရီယားကို ဘာစီလိုနာအသင်းထံ လက်လွှတ်ဖို့အနေအထားမှာ ရှိနေတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ဒေါ့မွန်အသင်းရဲ့ ကစားသမား ဒမ်ဘီလီကို ခေါ်ယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ထပ်ကစားသမားတွေ ထပ်မံအားဖြည့်ဖို့ ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက အလိုရှိနေတာကြောင့် ဒီမာရီယားအပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။