ဂျွန်တယ်ရီကိုအားကျတဲ့ဇော်မင်းထွန်း

ဇော်မင်းထွန်းဆိုတာမြန်မာ့လက်ရွေးစင်

အသင်းကြီးရဲ့နောက်တန်းကျောက်ဆောင်ကြီးပါ။

မြန်မာအသင်းအတွက်အဆုံးအဖြတ်ဂိုးတွေကို

သွင်းပေးတတ်တဲ့သူ့ကိုမြန်မာပရိသတ်ကြီး

ချစ်ကြပါတယ်။သူရဲ့Role Modelကတော့

ချယ်ဆီးကပ္ပတိန်ဟောင်းဂျွန်တယ်ရီလို့သူက

ပြောပါတယ်။

မြန်မာနေရှင်နယ်လိဂ်ရဲ့ကြေးအကြီးဆုံး

နောက်ခံလူတစ်ဦးဖြစ်တဲ့သူဟာ

လောလောဆယ်ရန်ကုန်ယူနိုက်တက်မှာကစား

နေပါတယ်။ဇော်မင်းထွန်းဟာဗဟိုနောက်ခံလူဖြစ်ပေမယ့်

ပထမဆုံးကစားခဲ့တာကတိုက်စစ်မှူးနေရာပါ။

တိုက်စစ်နေရာမှာကစားဖူးတဲ့အတွက်

ဇော်မင်းထွန်းဟာတိုက်စစ်မှူးအမြင်ရှိပြီး

ဂိုးတွေသွင်းပေးတတ်သူပါ။

လက်ရှိမြန်မာလက်ရွေးစင်အသင်းမှာရွေးချယ်

ခံထားရတဲ့ဇော်မငး်ထွန်းဟာပြည်ပကစားသမား

တွေထဲမှာဂျွန်တယ်ရီကိုကြိုက်တယ်ဆိုပေမယ့်

မြန်မာကစားသမားထဲမှာယခုမဟာနည်းပြဖြစ်သူ

ဇော်လင်းထွန်း(2)ကိုကြိုက်တယ်လို့ပြောပြပါတယ်။

ဇော်လင်းထွန်းနဲ့တွဲကစားချင်ပေမယ့်အဲ့ဒီအခွင့်မရေး

ခဲ့ဘူးလို့သူကပြောပြပါတယ်။

Source -MRTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။