ယာဉ်ထိန်းရဲတွေဟာ အမြဲဆိုသလို ကားမောင်းတဲ့ သူတွေ စည်းကမ်းချိုးဖောက်တဲ့ သူတွေ ရဲ့ ရန်ရှာခြင်းကို ခံရစမြဲပါ။ ဒီအဖြစ်အပျက်ကတော့ တကယ့်ကို ရယ်ချင်စရာပါဘဲ။ တရုတ်ပြည်က ယာဉ်မောင်းတစ်ဦးဟာ လမ်းမှာ ယာဉ်ရပ်နားခြင်းနှင့် ပတ်သက်ပြီး ယာဉ်ထိန်းရဲက ဒဏ်ငွေဆောင်ရမယ့် လက်မှတ်ပေးရာမှ အချေအတင်းစကားများကြတာဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ဟာ စကားများတာ အလွန်ပြင်းထန်လာပြီးနောက်ပိုင်း ယာဉ်မောင်းက ရုတ်ချည်ဆိုသလို ယာဉ်ထိန်းရဲ ရဲ့ နှုတ်ခမ်းကို နမ်းလိုက်တာဖြစ်ပါတယ်။ ထိုအဖြစ်အပျက်ဟာ မြန်ဆန်သွားတဲ့ အတွက် ရှောင်ချိန်တောင်မရခဲ့ဘူးလို့ပြောခဲ့ပါတယ်။ ထိုကဲ့သို့ ယာဉ်ထိန်းရဲတွေနှုတ်ခမ်းကို နမ်းခြင်းဟာ တရုတ်ပြည်မှာ ပထမဆုံးဖြစ်ခဲ့တဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။

https://thumbs.gfycat.com/InsistentFakeIchthyosaurs-size_restricted.gif

လမ်းဘေးဈေးသည်နှင့် ရဲတွေ နှင့် ရန်ဖြစ်တုန်းကလဲ လမ်းဘေးဈေးသည်က ရဲကို နှုတ်ခမ်းကို နမ်းခဲ့ရာမှ စတင်ခဲ့တာဖြစ်ပါတယ်။ တရုတ်ပြည်မှာတော့ ဒီနည်းဟာ ရဲတွေကို အတတ်နိုင်ဆုံး offend ဖြစ်အောင် စော်ကားတဲ့ နည်းအဖြစ်ခေတ်စားနေပါတော့တယ်။ သူတို့ကပြောမရရင် နမ်းမယ်ဆိုတဲ့ အပေါက်မျိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။