အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးအသင်း၏ အဓိကကစားသမားဖြစ်သူ တိုက်စစ်မှူး မာရက်ဇ်အနေဖြင့် လန်ဒန်အခြေစိုက်အာဆင်နယ်သို့ပြောင်းရန် စိတ်ဝင်စားလျက်ရှိပါတယ်။ ဒါ့အပြင် ဘာစီလိုနာကလည်း မာရက်ဇ်က်ိုခေါ်ယူရန် စိတ်ဝင်စားဖူးပါတယ်။ ယနေ့ဟာ အပြောင်းအရွှေ့နောက်ဆုံး ဖြစ်တာကြောင့် ဘာမဆိုဖဖြစ်လာနိုင်ပါတယ်။ 

အယ်ဂျီးရီးယားအသင်းဟာရီရက်မာရက်ဇ်ကိုအပြောင်းအရွေ့ကိစ္စတွေအပြီးသတ်ဆောင်ရွက်နိုင်ရန်အတွက်အသင်းမှထွက်ခွာပြုခဲ့ပါတယ်။ ဒါကြောင့် မာရက်ဇ်အနေနှင့် လွတ်လပ်စွာ ပြောင်းရွှေ့နိုင်မှာပါ။ ယခုနွေရာသီမှာ ရိုးမားက မာရက်ဇ်ကို ၃ခါတိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း လက်စတာက ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် လက်စတာစီးတီးအသင်းက မာရက်ဇ်အတွက် အနည်းဆုံး ပေါင်သန်း၅၀အလိုရှိနေပါတယ်။

အယ်ဂျီးရီးယားလက်ရွှေးစင် အသက်၂၆နှစ်ရှိ လက်စတာစီးတီးအသင်း၏ တိုက်စစ်မှူး မာရက်ဇ်အနေဖြင့် မူလပထမက စပိန်လာလီဂါကလပ် ဘာစီလိုနာကို ပြောင်းရွှေ့လိုကစားလိုခဲ့သူပါ။ သို့သော် ယခုအခါ ပုံမှန်ပွဲထွက်ခွင့်ရနိုင်မည့် အာဆင်နယ်ကို ပိုမိုသဘောကျနေခြင်းဖြစ်သည်။ မာရက်ဇ်သည်။ ၂၀၁၅-၁၆ ဘောလုံးရာသီက အင်္ဂလန်ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို လက်စတာစီးတီးအသင်းနှင့်အတူရရှိခဲ့သေကစားသမားဖြစ်သာည်။ တိုက်စစ်မှူး မာရက်ဇ်သည် ထိုနှစ်အတွက် ပရီးမီးယားလိဂ် အကောင်းဆုံးသစားသမားဆုကိုပါ ရရှိခဲ့သူဖြစ်သည်။

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။