လီဗာပူလ်းအသင်းဟာ သူတို့အသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ သောမက်လီမာကို ကမ်းလှမ်းခဲ့ရာမိုနာကို အသင်းက ပယ်ချခဲ့တာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းဟာ သူတို့အသင်းရဲ့ကစားသမား သောမက်လီမာကို ရောင်းထုတ်သွားမှာမဟုတ်ကြောင့် အကယ်လို့ ရောင်းထုတ်ခဲ့မယ်ဆိုရင်လည်း ယူရို သန်း ၁၀၀ ရမှာ လက်လွှတ်သွားမယ်လို့ ပြောကြားထားခဲ့ပြီဖြစ်ပါတယ်။အာဆင်နယ်အသင်းကလည်း သောမက်လီမာကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ပေမဲ့ ဈေးနူန်းညှိနိုင်းမရလို့ လက်လျော့သွားခဲ့ရတာလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းက လက်ရှိမှာအာဆင်နယ်အသင်းရဲ့တောင်ပံကစားသမား ချိန်ဘာလိန် ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားခဲ့တာကြောင့် သောမက်လီမာကို ခေါ်ယူဖို့ လီဗာပူလ်းအသင်းက လည်း လက်လျော့သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။မိုနာကို အသင်းကလည်း ၂၁ နှစ်သာရှိသေးတဲ့ သူတို့ရဲ့ ကစားသမားသောမက်လီမာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ရှိနေတာဖြစ်ပါတယ်။မိုနာကိုအသင်းဟာ လက်ရှိမှာ အသင်းကနေထွက်ခွာသွားတဲ့ကစားသမားနေရာအများအပြားနေရာ မှာ ပြန်လည်အစားထိုးခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပြီလည်းဖြစ်ပါတယ်။

မိုနာကိုအသင်းဟာ ရက်ပိုင်းအတွင်းမှာပဲ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဂျိုဗီတစ် ၊ကီတာဘလိတ်ကို ခေါ်ယူအားဖြည့်ထားပြီလည်းဖြစ်ပါတယ်။အပြောင်းအရွှေ့နောက်ဆုံးအချိန် ကိုရောက်ရှိလာဖို့နီးကပ်လာတာကြောင့် ဘယ်ကစားသမားတွေဟာ ဘယ်အသင်းကိုရောက်သွားမလဲဆိုတာ ရင်ခုန်ရအုံးမှာလဲဖြစ်ပါတယ်။သောမက်လီမာ ဟာ မိုနာကိုအသင်းနဲ့ စာချူပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။သောမက်လီမာ ဟာယခုနှစ် လိဂ်ဂူးပွဲလေးပွဲကစားပေးထားပြီး ၂ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

source - football transfer news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။