နာမည်ကျော်နည်းပြ ဖာဂူဆန်ကိုတော့ ဘောလုံးပရိသတ်တိုင်း သိကြမှာပါ။ ဖာဂူဆန်ဟာ အင်္ဂလန် ပရီးမီယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်ကို နှစ်ပေါင်းများသွာ ပဲ့ကိုင်ခဲ့သူပါ။ ဖာဂူဆန်လက်ထက်မှာ မန်ချက်စတာယူနိုင်တက်က အလွန့်ကို အောင်မြင်ခဲ့ပါတယ်။ အမှတ်ပေး(ပရီးမီးယားလိဂ်) ဖလားကိုလည်း စံချိန်တင် အကြိမ် ၂၀ထိ မန်ချက်စတာယူနိူင်တက် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ဖာဂူဆန်က မန်ချက်စတာယူနိုင်တက်ကိုလည်း သူ့လက်ထက်မှာ ချန်ပီယံလိဂ်၂ခါရရှိအောင် လမ်းပြခဲ့ပါတယ်။ ယခုလက်ရှိ မန်ချက်စတာယူနိုင်တက်နည်းပြ မော်ရင်ဟို လက်ထက်မှာ မန်ချက်စတာယူနိုင်တက်အသင်းက ပြန်လည် ခြေစွမ်းပြလာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဖာဂူဆန်က မန်ချက်စတာယူနိုင်တက် ချန်ပီယံလိဂ်ဖလားရရှိအောင် အဓိက ကျော်ဖြတ်ရမည့်အသင်းကိုပြောလိုက်ပါတယ်။ အဆိုပါ အသင်းကတော့ လက်ရှိချန်ပီယံ ရီးရဲမက်ဒရစ် အသင်းပဲဖြစ်ပါတယ်။

ဖာဂူဆန်က “ခုချိန်မှာရီးရဲယ်ဘယ်လောက်ကောင်းလဲဆိုတာသိထားဖို့လိုအပ်ပါတယ်။ သူတို့ဟာတည်ငြိမ်ရင့်ကျင်နေပြီးသုံးလေးနှစ်လောက်ဒီကစားသမားအစုအဖွဲ့နဲ့ပဲရှိနေပါတယ်။ ဒါကြောင့်သူတို့အကောင်းဆုံးပုံစံနဲ့ရှေ့ဆက်လျက်ရှိနေပြီးကစားသမားအချင်းချင်းကြားမှာလည်းနားလည်မှုပြည့်ဝနေပါတယ်။ တကယ့်အသင်းတစ်သင်းပါ။ကျွန်တော့်အမြင်ကတော့ရီးရဲယ်မက်ဒရစ်အသင်းဟာအနိုင်ယူဖို့ခက်ခဲလှပြီးကြီးကြယ်တဲ့အသင်းတစ်သင်းလို့ထင်ပါတယ်။ ယူနိုက်တက်လည်းအခုတောင့်တင်းနေပြီးချန်ပီယံလိဂ်မှာအကောင်းဆုံးလုပ်နိုင်ဖို်မျှော်လင့်ပါတယ်။" လို့ပြောသွားပါတယ်။ ယခုလက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုင်တက်က ပြည်တွင်းမှာ ရလဒ်တွေကောင်းနေကာ ချန်ပီယံလိဂ်မှာလည်း အုပ်စုချောင်နေပါတယ်။

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။