ပြောင်းရွှေ့ကြေးယူရိုသုံးသိန်းနားအထိကပ်သွားတဲ့အောင်သူ

မြန်မာအသင်းရဲ့တိုက်စစ်မှူးအောင်သူရဲ့ပြောင်းရွှေ့ကြေး

ဟာတစ်နေ့ပြီးတစ်နေ့မြင်တက်လျှက်ရှိပါတယ်။

အင်္ဂလန်နိုင်ငံအခြေစိုက်Transfer Market Website

အလိုအရအောင်သူရဲ့တန်ဖိုးဟာယူရိုနှစ်သိန်းကျော်ကနေ

အခုဆိုရင်သုံးသိန်းနားကပ်သွားပါပြီ။သူရဲ့

တန်ဖိုးဟာလည်းနောင်လာမယ့်မြန်မာ့လက်ရွေးစင်

အသင်းကြီးနဲ့အတူခြေစွမ်းပြမှုတွေအပေါ်မှာ

မူတည်နေပြီးထပ်မံမြင့်တက်လာဖို့ရှိပါတယ်။

အောင်သူအနေနဲ့ဆီးဂိမ်းမှာဂိုးသွင်းအများဆုံး

ဖြစ်ခဲ့တာကလည်းသူ့ရဲ့တန်ဖိုးကိုမြင့်တက်စေခဲ့တာပါ။

အောင်သူဟာလက်ရှိမန္တလေးအခြေစိုက်

ရတနာပုံအသင်းရဲ့ကစားသမား

တစ်ဦးဖြစ်ပြီးသူ့ရဲ့စာချုပ်သက်တမ်းဟာ

လာမယ့်ဒီဇင်ဘာလကုန်မှာကုန်ဆုံးတော့မှာပါ။

အောင်သူရဲ့အပြောင်းအရွှေ့ပုံပြင်တွေဟာ

လှုပ်ခတ်လာခဲ့ပြီးနောက်နှစ်ဘောလုံးရာသီကစပြီး

အာဆီယံကစားသမားတစ်ဦးထည့်သွင့်ရမယ့်ထိုင်းကလပ်တွေကတော့သူ့ကို

ခေါ်ယူဖို့ုဖြစ်နိုင်ချေအများဆုံးပါ။စင်ကာပူ၊မလေးရှား

ကလပ်တွေကလည်းအောင်သူကိုစောင့်ကြည့်နေကြပါတယ်။

မကြာသေးခင်ကတွစ်တာပေါ်မှာပြင်သစ်ကလပ်

မောင့်ပယ်လီယာကအောင်သူကိုခေါ်ယူမယ်လို့သတင်းတွေထွက်ခဲ့ပေမယ့်သတင်းကအမှန်မဟုတ်ပါဘူး။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။