အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ကုမ္ပဏီတစ်ခုဟာ ခြင်အကောင်ရေ သန်း၂၀ကို ဒီတိုင်းလွှတ်ထုတ်ပေးလိုက်တယ်လို့သိရပါတယ်။ခြင်တွေကလူတွေအတွက် အန္တာရယ်ရှိနိုင်သော်လည်း လူတစ်ယောက်နဲ့တစ်ယောက်တောင် ကိုက်ပုံခြင်းမတူပါဘူး။ သူတို့နှစ်သက်တဲ့ ကိုယ်ရနံ့ရှိတဲ့သူဆို ပိုကိုက်လေ့ရှိပါတယ်။ လူအနားမှာ ရစ်ဝဲ၀ဲနေပြီး အနှောင့်အယှက်လည်း ပေးနိုင်ပါသေးတယ်။ ဒီတော့ ဒီသတင်းကို ကြားရတာ တော်တော်ထူးဆန်းနေမှာပါပဲ။

ဒီသတင်းက နည်းနည်းတော့ အစီအစဉ်မကျဖြစ်နေပေမယ့် ဒီလိုခြင်တစ်ပြုံတစ်မကြီးကို လွှတ်လိုက်တာက အကြောင်းရင်းရှိတယ်လို့သိရပါတယ်။ဒါကတော့ ခြင်တွေမျိုးပွားနှုန်းကို ထိန်းချုပ်ဖို့ပါပဲ။ လွှတ်ပေးလိုက်တဲ့ ခြင်သန်း၂၀လုံးဟာ အထီးတွေချည်းဖြစ်ပြီး သူတို့တွေမှာ အမတွေကို ဥဥခြင်းကနေတားဆီးနိုင်မယ့် ဘက်တီးရီးယားပိုးတွေထည့်သွင်းပေးထားပါတယ်။ ဒါဆိုလူတွေကို ကိုက်မိရင်ကော? မစိုးရိမ်ပါနဲ့။ သူတို့က ဆာလောင်ရုံသက်သက်နဲ့တော့ မကိုက်ပါဘူး။ သူတို့က သွေးတွေကို ဥတွေကိုဖျက်ဆီးဖို့ပဲအသုံးချမှာပါ။ ကယ်လီဖိုးနီးယားပြည်နယ် ဖရန်စ်နို (Fresno)မှာ ခြင်တွေကို တစ်ပတ်ကို တစ်သန်းနှုန်းနဲ့ ရက်သတ္တပတ်ပေါင်း ၂၀ကြာအောင် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

တစ်ကယ်လို့သာ ဒီစမ်းသပ်မှုအောင်မြင်ခဲ့ရင် ပိုပြီးအရှိန်အဟုတ်မြှင့် ခြင်တွေကို နှိမ်နင်းဖို့ ဆောင်ရွက်နိုင်ပါတယ်။ ခြင်တွေဟာ ရောဂါပိုးသယ်ဆောင်တာကြောင့် တားဆီးကာကွယ်ဖို့လိုပါတယ်။ နည်းလမ်းအသစ်တွေကိုလည်း တီထွင်ကြံဆနေကြပါတယ်။ တစ်ကယ်လို့ ခြင်ကိုက်တာခံရရင် အတင်းဆွဲခြစ်ကုတ်တာမျိုးမလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်းအရင်းမြစ် ရိုးရာေလး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။