ပြည်ဖုံးကားချသွားတဲ့ကွာလာလမ်ပူဆီးဂိမ်း

29ကြိမ်မြောက်မလေးရှားဆီးဂိမ်းကြီးကတော့

ပြည်ဖုံးကားလိပ်ချသွားပါပြီ။

ဆုတံဆိပ်ရရှိမှုမှာအိမ်ရှင်မလေးရှားက

ရွှေ145ခုနဲ့ပထမ၊ထိုင်းအသင်းကရွှေ72ဆုနဲ့ဒုတိယ၊

ဗီယက်နမ်ကတော့ရွှေ58ခုနဲ့တတိယနေရာအသီးသီး

ရရှိသွားခဲ့ပါတယ်။မြန်မာအသင်းကတော့ရွှေ 7ဆုနဲ့

အဆင့်7နေရာမှာရပ်တည်နေခဲ့ပါတယ်။

မြန်မာအောက်မှာတော့ကမ္ဘောဒီးယားကရွှေ3ခု၊လာအိုက2ခု

နဲ့အစဉ်လိုက်ရပ်တည်နေပြီးဘရူနိုင်းနဲ့တီမောကတော့

ရွှေရရှိထားခြင်းမရှိပါဘူး။ဆီးဂိမ်းရဲ့လူစိတ်ဝင်စားအခံရဆုံး

အားကစားနည်းဖြစ်တဲ့အမျိုးသားဘောလုံးပြိုင်ပွဲမှာတော့

ထိုင်းကရှိသွားပြီး၊ရေကူး၊ပြေးခုန်ပစ်

စတဲ့ကစားနည်းတွေမှာထိုင်း၊မလေး၊စင်ကာပူ၊ဗီယက်နမ်

တို့အကြိတ်အနယ်ရှိခဲ့ပါတယ်။

တော်ဝင်မင်းသားတွေဖြစ်တဲ့ဂျက်ဖရီဘော်ကီးယား၊

မက်တီးဘော်ကီးယားတို့အပြင်ထိုင်းမင်းသမီး

သီရိဗန်နာဗရီတို့လည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြလို့ဆီးဂိမ်း

ရဲ့ပုံရိပ်ဟာကြွတက်ခဲ့ရပါတယ်။မြန်မာအားကစားအဖွဲ့

တွေကတော့ခြင်းလုံးအသင်းတွေဟာနိုင်ငံဂုဏ်ဆောင်

နိုင်ခဲ့ပြီးရိုးရာခြင်းကနေရွှေနှစ်ခု၊ပိုက်ကျော်ခြင်းကနေ

ရွှေနှစ်ခုရယူပေးခဲ့ပါတယ်။မလေးရှားဆီးဂိမ်းပြိုင်ပွဲ

ကြီးကတော့ပြီးဆုံးသွားပါပြီ။2019ဖိလစ်ပိုင်ဆီးဂိမ်းမှာ

ပြန်လည်ဆုံတွေ့ကြပါစို့...

AGU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။