"ချစ်လှစွာသော အမုန်း" ဇာတ်ကားနဲ့ အကယ်ဒမီရေပန်းစားနေတဲ့ သက်မွန်မြင့် နှင့် ဝတ်မှုံရွှေရည်

စာရေးဆရာမ ပုညခင် ရဲ့ နာမည်ကြီး ဝတ္တု တစ်ပုဒ်ကို အခြေခံရိုက်ကူးထားတဲ့ ချစ်လှစွာသော အမုန်း ဇာတ်ကားဟာ အတော်လေးကိုပေါက်ခဲ့ပါတယ်။ ရုံပြို င်စနစ်ပြသနေချိန်မှာတောင် ကြည့်ရှူ သူ စံချိန်ချိုးခဲ့တဲ့အတွက် လေးပတ်ကြာ ရုံတင်ပြသခွင့်ပြု ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ထိပ်တန်းမင်းသမီးနှစ်လက်ဖြစ်တဲ့ အကယ်ဒမီ သက်မွန်မြင့် အကယ်ဒမီ ဝတ်မှုံရွှေရည်တို့နဲ့အတူ မင်းသား အောင်ရဲလင်းတို့ ပါဝင်ခဲ့ကြပါတယ်။

ဒီဇာတ်ကားကို ကြည့်ရှုပြီးတဲ့ ပရိသတ်တွေကြားမှာတော့ သေချာပေါက် တစ်ယောက်အကယ်ဒမီရမယ်ဆိုတဲ့စကားသံတွေ ကြားလာရပါတယ်။ တစ်ချို့ကလည်း မိုးစက်မေ(သက်မွန်) ရမှာလို့ပြောသလို တစ်ချို့ကလည်း အမုန်း(ကစ်ကစ်) လည်းရနိုင်တယ်လို့ ပြောလာကြတာ တွေ့ရပါတယ်။ အခုအချိန်မှာတော့ အကယ်ဒမီပွဲကြီးလည်း မဝေးတော့တဲ့အတွက် ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး အကယ်ဒမီရင်ခုန်သံတွေက ပိုညံလို့လာပါတယ်………………

ပရိသတ်အားပေးမှုတွေ တခဲနက်ရရှိနေတဲ့ ချစ်လှစွာသော အမုန်း ရုပ်ရှင်ဇာတ်ကားကြီးမှာ မိုးစက်မေ(သက်မွန်မြင့်) နဲ့ အမုန်း(ဝတ်မှုံရွှေရည်) တို့ ရဲ့ သရုပ်ဆောင် ပီပြင်မူ တွေ ကြောင့် ပရိသတ်တွေ ရင်ထဲမှာ အားပေးမူအပြည့်အဝ ရရှိခဲ့ပါတယ်။ ဖခင် ဖြစ်သူယူလာတဲ့ မိထွေးငယ်ငယ်လေးကို မုန်းပေမယ့်လည်း

နောက်တော့ မိထွေး ဖြစ်သူ အမုန်း(ဝတ်မှုံရွှေရည်) ကို သနား ချစ်မိသွားပြီး အားမလို အားမရ ဖြစ်တဲ့ ခံစားချတ် ၊ သူမ တဖတ်သတ်ချစ်ရတဲ့ ဂါမဏိ(အောင်ရဲလင်း) က မိထွေးဖြစ်သူ အပေါ် သနားစိတ်နဲ့ ချစ်မိသွားသလို မိထွေးဖြစ်သူ အမုန်းကလည်း အချစ်ဆိုတာ ဘာမှန်းမသိပေမယ့် ဂါမဏိရဲ့ အားပေးကူညီဖေးမမှုများကြောင့် ငြိတွယ် နေတာကို သိသွားတဲ့အခါ…………………………

မြိုသိပ်နာကျင်ရတဲ့ ခံစားမှုတွေနဲ့ ပီပြင်စွာ သရုပ်ဆောင် ထားတဲ့ #သက်မွန်မြင့်

ဘာမှန်းမသိတဲ့ ခံစားချတ်တွေနဲ့ အဓမ္မ ကျင့်ခံရပြီးနောက် အသက်ငယ်ငယ်နဲ့ မိထွေးဘဝရောက်ခဲ့ရသလို လင်ပါသမီးက သူမထက် အသက်ကြီးပြီး လင်ပါ သမီး မိုးစက်မေ(သက်မွန်မြင့်)ကို

အားကိုးပြီး အစ်မ တစ်ယောက်လို ချစ်မိသွားသလို.. ခင်ပွန်းဖြစ်သူ ဇင်ဝိုင်းက အငယ်အနှောင်း ထပ်ထားတဲ့အခါ မပြောရဲမဆိုရဲနဲ့ မြိုသိပ်ခံစားရပြီး နောက်တော့ ကူညီဖေးမတက်တဲ့ ဂါမဏိ(အောင်ရဲလင်း) ကို ချစ်မိသွားပေမယ့်လည်း သူမ အစ်မ လို ချစ်ရတဲ့ မိုးစက်မေကလည်း ဂါမဏိအပေါ် ချစ်နေတာကို သိရတဲ့အခါ...…………

အသက်အရွယ် နဲ့မလိုက် နာကျင်မူတွေနဲ့

ခံစားရတဲ့ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင် ထားတဲ့ #ဝတ်မှုံရွှေရည်

သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေက ပရိသတ်တွေရင်ထဲမှာတော့ အကယ်ဒမီရခဲ့ပြီးပါပြီ။ ဒီဇာတ်ကားကြီးနဲ့ အကယ်ဒမီရခဲ့မယ်ဆိုရင် ပရိသတ်ကြီးက ဘယ်သူ့ကို ရစေချင်ပါသလဲ…… သက်မွန်လား…… ကစ်ကစ်လား………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။