ယနေ့ခေတ်မှာတော့ ချစ်သူစုံတွဲတွေဟာ လက်မထပ်ခင် လက်ထက်ခွင့်တောင်းတာ ကို ခမ်းခမ်းနားနား တရေးတယူ လုပ်လာကြပါတယ်။ လူမူကွန်ရက်တွေမှာ နည်းလမ်း အသစ်တွေနှင့် တနေ့တခြား အသစ်အသစ်တွေ မျိုးစုံတွေ့ရတော့ မိန်းကလေးအချို့ အားကျမိမှာအမှန်ပါဘဲ။ ဒီတခေါက်မှာတော့ တရုတ်ပြည်က အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ကောင်မလေးကို လက်ထပ်ခွင့်တောင်းတဲ့နည်းကတော့လေးစားစရာပါဘဲ။

သူတို့စုံတွဲဟာ တရုတ်ချစ်သူများနေ့ မတိုင်ခင်တစ်ရက် မှာ အတူတူ အသားကင်ဆိုင်ကို သွားစားခဲ့ကြပြီး ထိုအသားကင်ဆိုင်မှာဘဲ ကောင်မလေးကို ကောင်လေးက ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဘယ်ပစ္စည်းနှင့် လက်ထပ်ခွင့်တောင်းခဲ့လည်းဆိုတော့ ကောင်မလေး လုံးဝ မထင်မှတ်ထားလောက်တဲ့ အသားလွှာတွေကို ဆလပ်ရွက်ဝန်းရံ ကာ ပန်းစည်းသဖွယ်စည်းထားတဲ့ အသားစည်းနှင့်ပဲဖြစ်ပါတယ်။

ထိုကောင်လေးရဲ့ လက်ထပ်ခွင့်တောင်းနည်းဟာ အောင်မြင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ သူ့ချစ်သူကောင်မလေးကလည်း လက်ထပ်ခွင့်ကို ခေါင်းညိမ့်ခဲ့ပြီး သူ့ရဲ့ လက်ထပ်ခွင့်တောင်းနည်းကလည်း ယခုဆို ကမ္ဘာကျော်နေပြီလို့ပြောလို့ရပါတယ်။ ကောင်မလေးနှင့် အတူ မုန့်သွားစားတိုင်း အမဲသားကို အရမ်းကြိုက်တာကို သိလို့ ဒီလိုမျိုးစိတ်ကူးရသွားတာဆိုပြီးပြောခဲ့ပါတယ်။

Source : mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။