ငယ်စဉ်ကလေးသရုပ်ဆောင်အရွယ်မှာပင် ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲထိ၊ မျက်ရည်ကျစေတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ပြည်သူချစ်အနုပညာရှင်တစ်ယောက ်ဖြစ်လာခဲ့တဲ့ အကယ်ဒမီယွန်းယွန်းက လူကြီးသရုပ်ဆောင်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာကို ပြောကြားခဲ့ပါတယ်။

ကလေးသရုပ်ဆောင်ဘဝကနေ လူကြီးသရုပ်ဆောင်ဖြစ်လာတဲ့အခါ ထင်သလောက်အားပေးမှုမရတာ၊ ပျောက်ကွယ်သွားတာမျိုးတွေရှိတဲ့အခါ သရုပ်ဆောင် အကယ်ဒမီယွန်းယွန်းကနေ ယခုလိုဖြေကြားခဲ့ပါတယ်။

" အဲဒါက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆိုင်တယ်လို့ ထင်ပါတယ်။ သူတို့ ဆက်မလုပ်ဖြစ်တာလား။ ဆက်လုပ်ဖြစ်ရဲသားနဲ့ အဆင်မပြေတာလားတော့ သေချာမသိဘူး။ ဒါပေမဲ့ သူတို့လည်း ငယ်ငယ်လေးကတည်းက ပါရမီရှိခဲ့လို့

အရည်အချင်း ရှိတယ်။ အတွေ့အ ကြုံလည်း ရှိတာ ဆိုတော့ လုပ်မယ်ဆိုရင် အောင်မြင်မယ်လို့ ထင်ပါတယ်။ သူတို့မလုပ်ဖြစ်တော့လို့သာ ဆက်ပြီး လူကြီးသရုပ်ဆောင် အနေနဲ့ မဖြစ်လာတာ။ အဲဒီအခါ ကျတော့ သမီးလည်း

လုပ်မယ်ဆို ရင် အဆင်ပြေမယ်။ ပရိသတ်တွေ ကလည်း အားပေးကြမယ်လို့ ယုံကြည်ပါတယ်။ သမီးကိုလက်တွဲ ခေါ်မယ့် စီနီယာတွေ ပရိုဂျူဆာ တွေနဲ့လည်း ဆိုင်မယ် ထင်ပါတယ်။ သမီးကတော့ ပြန်လုပ်မယ် ဆိုရင်

အတတ်နိုင်ဆုံးကြိုးစားမယ်။ " လို့ ဖြေကြားပေးခဲ့ပါတယ်။

လက်ရှိအသက်အရွယ်နဲ့ ဘယ်လိုဇာတ်ရုပ်မျိုး သရုပ်ဆောင်ဖြစ်မလဲဆိုတဲ့ မေးခွန်းကိုတော့

" သမီးကိုခေါ်တဲ့၊ သမီးနဲ့သင့် တော်မယ် ဆိုပြီးပေးတဲ့ ကာရိုက်တာအပေါ်မှာပဲ မူတည်ပါတယ်။ အများကြီးကြိုမှန်းပြီး တွေးပူတာမျိုးလည်း မရှိဘူး။ သမီးကိုပေးတဲ့ ဇာတ်အပေါ်မှာပဲ အတတ်နိုင်ဆုံး တာဝန်ကျေအောင် ကလေးပုံစံ မဟုတ်ဘူး ဆိုရင်လည်း ကလေးပုံစံပျောက်အောင် ကြိုးစားပြီး သရုပ်ဆောင်ဖို့ စဉ်းစားထားပါတယ်။ ပြီး တော့ ရုပ်ရှင်အသိုင်းအဝိုင်းက လူတွေကလည်း ကလေးဘဝကတည်းက ရင်းနှီးခဲ့တဲ့သူတွေ ဆိုတော့၊ သိပြီးသား စီနီယာတွေပဲ ဆိုတော့ အကုန်လုံးက လက်တွဲခေါ်မယ်လို့ ယုံကြည်ပါတယ်။ "

ဆယ်တန်းအောင်စာရင်းထွက်ပြီး တက္ကသိုယ်တက်ရတော့မယ့် ယွန်းယွန်းကနေ လက်ရှိမှာ MHR မှာ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းတက်နေပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားပါမယ်လို့ ပြောကြားခဲ့ပါတယ်။

"သရုပ်ဆောင်ဘက် ကတော့ သမီးကိုကမ်းလှမ်းတဲ့ အပေါ်မှာ မူတည်တယ်။ အချိန်လည်း ပေးနိုင်သွားပြီဆိုတော့ တစိုက်မတ်မတ် လုပ်ချင်ပါတယ်။"

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။