ကြောက်လန့်စရာကောင်းတဲ့ရေဘေးကြီးကြောင့် ဒုက္ခရောက်ကြသူအများအပြားအပြင် သေဆုံးသူဦးရေမှာလည်းလူပေါင်း၁၂၀၀ကျော်ရှိနေပြီဟုသိရှိရပါတယ်။တောင်အာရှဒေသတဝန်းတွင် တိုက်ခက်လျက်ရှိတဲ့ ပြင်းထန်တဲ့ မုတ်သုန်မိုးရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံတွင် ဒေသတချို့ဒီသီတင်းပတ်အတွင်း ရေလွမ်းမိုးမှုများဖြစ်ပေါ်နေပါတယ်။မုတ်သုန်မိုးကြောင့် အိန္ဒိယနိုင်ငံရဲ့ ကုန်သွယ်ရေး ၊စီးပွားရေးများ ထိခိုက်လျက်ရှိတယ်လို့လဲသိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကုန်သွယ်မှုအချက်အချာကျတဲ့မြို့တော်ကြီး မွမ်ဘိုင်းမှာ လည်း ရေကြီးမှုများနှင့် အပြင်းအထန်မိုးရွာသွန်းလျက်ရှိတယ်လို့လည်းသိရပါတယ်။ဒီကနေ့သောကြာနေ့ကျရင်တော့ မုတ်သုန်မိုးရွာသွန်းမှု လျော့ကျသွားနိုင်တယ်လို့လဲခန့်မှန်းထားကြပါတယ်။

မိုးရွာသွန်းမှုကြောင့်အသွားအလာခက်ခဲများဖြစ်လာပြီး လုပ်ငန်းများကို အင်္ဂါနေ့မှစတင်ကာ ရပ်ဆိုင်းထားတာဖြစ်ပါတယ်။ယခုလို မုတ်သုန်မိုးရွာသွန်းမှုကြောင့် လမ်းများကိုသွားလာရန်အတွက် အသုံးမပြုနိုင်ခြင်း၊လူပေါင်းသန်းပေါင်းများစွာ နေ့စဉ်အသုံးပြုလျက်ရှိသောရထားလိုင်းများအားလည်း ခနရပ်နားထားတယ်လို့သိရပါတယ်။လူထောင်ပေါင်းများစွာ သူတို့ရဲ့ရုံးခန်းတွေမှာ ညအိပ်ခဲ့ကြရပါတယ်။

ကြာသပတေးနေ့ကမွမ်ဘိုင်းမြို့တွင် ၆ ထပ် အဆောက်အအုံ ပြိုကျပြီး အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့တယ်လို့လဲသိရပါတယ်။

သတင်းအရင်းအမြစ်-VOA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။