ယနေ့မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ဖာရို အသင်းတို့ရင်ဆိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်းက ၅ ဂိုး ၁ ဂိုးနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ဟတ်ထရစ်သွင်းယူခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပေါ်တူဂီအသင်းဟာ ဒီနေ့နိုင်ပွဲကြောင့် အုပ်စု အဆင့် ၂ နေရာမှာရပ်တည်နေတာလည်းဖြစ်ပြီး အဆင့် ၁ နေရာက ဆွစ်ဇာလန်အသင်းနဲ့ ၃ မှတ်အကွာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ပွဲထွက်လူစာရင်းမှာ စီရော်နယ်ဒို ၊အန်ဒရီဆေးလ်ဗား ၊မော်တင်ဟို ၊ကာဗယ်ဟို ၊ ဘာနန်ဒိုဆေးဗား တို့ို ကို လူစုံထုတ်ပြီး ပွဲထွက်ကစားခဲ့တာလည်းဖြစ်ပါတယ်။ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၃ မိနစ်မှာပဲ စီရော်နယ်ဒို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၂၉ မိနစ်မှာတော့ စီရော်နယ်ဒိုက ဒုတိယဂိုးအဖြစ် ပယ်နယ်တီကနေသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဖာရိုအသင်းအတွက် ချေပဂိုးကိုတော့ ၃၈ မိနစ် ဘတ်ဗီဆင်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပွဲပြီးချိန်မှာ ပေါ်တူဂီအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းပွဲစလို့ ၅၈ မိနစ်မှာတော့ ဝီလီယံ ကာဗယ်ဟို က တတိယဂိုး ကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၆၅ မိနစ်မှာတော့ စီရော်နယ်ဒိုက သူရဲ့ ဟတ်ထရစ်ဖြစ်စေမဲ့ဂိုးကို ဂိုးသမားကို တစ်ချက်ခေါက်ပြီး သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးဂိုးကိုတော့ ၈၄ မိနစ်မှာ အိုလီဗီယာက သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲရဲ့ အကောင်းဆုံးဆု Man Of The Match ဆုကိုတော့ စီရော်နယ်ဒိုက ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ဖာရို အသင်းဟာ ယခုရံှူးပွဲကြောင့် အဆင့် ၄ နေရာမှာရပ်တည်နေပြီး ရမှတ် ၅ မှတ်သာ ရရှိထားတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။