ဌက်သိုက် သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး အားပြည့်စေတဲ့ အတွက် အသက်အရွယ်မရွေး အဟာရဖြည့် အားဆေးတစ်မျိုးအဖြစ် စားသုံးလာတာတွေ့ရပါတယ်။ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူများအတွက် အထူးသင့်လျော်ပါတယ်။ မြန်မာနိုင်ငံမှာ ဌက်သိုက်ကို ထားဝယ် အနီးကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့ အနောက်ဘက်ရှိ ကျွန်းများမှ ထုတ်ယူ ရရှိတာဖြစ်ပါတယ်။

ဌက်သိုက်သောက်သုံးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိပါတယ်။

၁။ အဆုတ်ကို အထူးကောင်းမွန်စေပြီး ကာလကြာရှည်စွာ ချောင်းဆိုးဝေဒနာရှင်များအတွက် အထူးကောင်းမွန်စေပါတယ်။

၂။ အသည်းခြောက်သောသူ၊ အရက်၊ ဘီယာ၊ ဆေးလိပ်သောက်သူများအတွက်လည်း ကောင်းမွန်စေပါတယ်။

၃။ ကင်ဆာရောဂါဝေဒနာရှင်များအတွက် ထူးခြားသည့် ခံနိုင်ရည်အားနှင့် ရောဂါချေဖျက်နိုင်မှုကို ပေတးတဲ့အပြင် ဆံပင်ကျွတ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၄။ ခံတွင်းကောင်းစေပြီး အစားအသောက်များစားဝင်ခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်းဖြင့့် ခန္ဓာကိုယ်သန်မာစေပြီး မျက်စိအားကောင်းစေပါတယ်။ 

။ သက်ကြီးရွယ်အိုအများစုတွင် ဖြစ်တတ်သော အဆုတ်၊ ကျောက်ကပ်၊ သရက်ရွက်များ အားကောင်းစေပြီး အမောခံနိုင်၍ နှလုံးအားနည်းမှုကိုလည်း ကာကွယ်ပေးပါတယ်။

၆။ အမျိုးသမီးများ အသက်လေးဆယ်ကျော် အရွယ်တွင်သွေးသားပြောင်းလဲမှုကို ထူးခြားစွာကာကွယ်ပေးပါတယ်။

၇။ ကိုယ်ဝန်ဆောင်ချိန်တွင် စားသုံးခြင်းဖြင့် မိခင်နှင့် ကလေး ခုခံစွမ်းအားကို မြှင့်တင်စေပြီး ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။

၈။ ကလေးများအတွက် ကိုယ်ခံအားကောင်းစေပြီး အအေးမိခြင်းနှင့် တုတ်ကွေးဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

၉။ ပိန်ခြင်း၊ ဝခြင်းနှင့် မဆိုင်ပဲ ခုခံအားကောင်းစေပါတယ်။ 

သတင်းအရင်းအမြစ် - ကျန်းမာရေးဗဟုသုတများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။