ဘရာဇီးနိုင်ငံက မိန်းကလေးတစ်ဦးကတော့ မွေးကတည်းက မျက်နှာမပါလာပါဘူး။ သူမရဲ့နာမည်က ဗီတိုရီးယား ပဲဖြစ်ပါတယ်။ ဗီတိုရီးယားက မွေးကတည်းက Treacher Collins syndrome ရှားပါးရောဂါပါလာတာပါ။ ဒါ့ကြောင့် သူမမှာ မွေးကတည်းက မျက်နှာအင်္ဂါ မပြည့်စုံစွာ မွေးလာရတာပါ။

ဆရာဝန်တွေက ဗီတိုရီးယားမွေးတုန်းက သူမ၏မိဘတွေကိ်ု မိန်းကလေးအနေဖြင့် အသက်ရှည်မှာ မဟုတ်ဟုပြောကြားခဲ့ပါတယ်။ ဒါကြောင့် မိဘတွေအနေနှင့် ကလေး၏ အသုဘကို ပြင်ဆင်ကာ စောင့်နေသင့်ကြောင်းပြောခဲ့ပါတယ်။ သို့သော် မိဘတွေက ကလေးကိုချစ်တဲ့အတွက် မစွန့်ပစ်နိုင်ခဲ့ပါဘူး။ မိဘတွေအနေနှင့် ကလေးကို အော်ပရေးရှင်း ၈ခါကို ခြောက်နှစ်တိုင်တိုင် ပြုလုပ် ကုသပေးခဲ့ပါတယ်။ 

မိဘတွေအနေနှင့် ကလေးမလေးကို အလွန်ချစ်ခင်တာကြောင့် ဂရုတစိုက် စောင့်ရှောက်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဗီတိုရိးယားလေးက အသက်၉နှစ်ပြည့်ခဲ့ပါပြီ။ ဆရာဝန်တွေကတော့ ဗီတိုရီးယားလေး ခုထိအသက်ရှည်နေရတာက မိဘတွေ၏ ကြင်နာမှုကြောင့်လို့ ပြောခဲ့ပါတယ်။ အသက်၉နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ဗီတိုရီးယားလေးက ယခုအခါ မိဘတွေနှင့်ပျော်ရွှင်စွာ နေလျက်ရှိပါတယ်။

Hein (Mg Lu Aye)

Source – Daily Mial

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။