သြဂုတ်လ (၃၀)ရက်နေ့က ဘရားဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ ဖြစ်ပွားခဲ့တာပါ။ဖြစ်စဉ်ကတော့ ကားလမ်းမှာပေါ်မှ ကုန်ကားကြီးနှစ်စီိးအချင်းချင်းတိုက်မိရာမှ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ထိုသို့တိုက်တိုက်ချင်းမှာပဲ အနောက်မှအရှိန်နဲ့မောင်းလာတဲ့ကားတွေအားလုံးအဆင့်ဆင့်တိုက်မိရာမှ အစီးပေါင်းသုံးဆယ်ကျော်တဲ့အထိ ဆင့်တိုက်မိခဲ့ကြပါတယ်။

ဒီဖြစ်စဉ်ကို မနက် ရ နာရီ ၄၅ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနည်းဆုံးလူ(၂) ဦးသေဆုံးပြီး (၁၂)ဦးထိဒဏ်ရာရရှိခဲ့ကြပါတယ်။အရှေ့ကကုန်ကားနှစ်စီးဟာ မီးခိုးတွေထွက်နေပြီး နောက်ကားတွေကမမြင်ရပါ။တိုက်တိုက်ချင်းမှာ အရှေ့က ကုန်ကားတွေရဲ့မီးထလောင်လာပြီးမကြာမှီထွက်လာတဲ့ မီးခိုးကြောင့်မမြင်ရဘဲ ဆင့်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဖြစ်ပွားပြီးမကြာမှီမှာပဲ မီးသတ်နဲ့ကယ်ဆယ်ရေးတွေရောက်လာပြီး ဆေးရုံကိုအချိန်မှီပို့ဆောင်ခဲ့ပါတယ်လို့ ရိုက်တာသတင်းဌာနက တင်ပြထားပါသေးတယ်။။ဘရာဇီးနိုင်ငံဟာ နှစ်စဉ်ကားတိုက်မှုများပြားလျှက်ရှိပြီး သေဆုံးမှုလဲများစွာရှိပါတယ်။ 

သတင်းအရင်းအမြစ် _ DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။