ယခုခေတ်မှာတော့ မျက်မှန်ကိုတော့အလှသဘောရော ကျန်းမာရေးအတွက်ပါ တပ်လေ့ရှိကြပါတယ်။မျက်စိအားနည်းတဲ့အတွက် မျက်မှန်တက်ရတာတွေလည်းရှိပါတယ်။အများစုမှာ မျက်စိအားနည်းတဲ့အတွက် မျက်မှန်တပ်ကြပေမယ့်လည်း တချို့တွေကတော့ ဖက်ရှင်ကျချင်လို့ တပ်ကြတာလည်း တွေ့ရပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်အားနည်းချက်ဟာ တခြားသူအတွက် အားသာချက်ဖြစ်နေတဲ့အတွက် မှန်ကြောင်လေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအားသာချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဥပဓိရုပ် ခန့်ညားကြတယ်။

လူတစ်ယောက်ဟာ မျက်မှန်တပ်လိုက်ပြီဆိုတာနဲ့ နဂိုရုပ်ပျောက်သွားပြီး ရင့်ကျက်တဲ့ပုံပေါက်သွားကြပါတယ်။ဒါပေမဲ့ လျို့ဝှက်တဲ့အလှတရားတွေကတော့ရှိနေစမြဲပါ။မျက်မှန်တက်တဲ့ကောင်မလေးတွေက မျက်မှန်လေးနဲ့ဆိုရင် မီနီယမ်ရုပ်ကလေးသဖွယ် ချစ်စရာကောင်းရုံတင်မက စမတ်လည်းကျကြပါတယ်။ 

၂။ မျက်မှန်ဒီဇိုင်းကြောင့် လူစိတ်ဝင်စားမှုရစေတယ်။

ဒီနေ့ခေတ်မှာတော့ မျက်မှန်ဒီဇိုင်းအမျိုးမျိုး ဆန်းသစ်လာတာနှင့်အညီ အရောင်အသွေးဆန်းပြားတဲ့ အသွင်သဏ္ဍန်အမျိုးမျိုး၊ မျက်မှန်ကိုင်းအမျိုးမျိုးကြောင့် မှန်ကြောင်ကောင်မလေးတွေဟာ ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်မှု ခံရပြီးဆွဲဆောင်မှုပိုမို အားကောင်းစေပါတယ်။မျက်မှန်ဒီဇိုင်းလှလှလေးတွေနဲ့ဆိုရင် ကာတွန်းဇာတ်ကောင်မလေးသဖွယ် ချစ်စရာကောင်းနေတာအမှန်ပါ။

၃။ မျက်လုံးကို အပြည့်အဝကာကွယ်စေတယ်။

မျက်လုံးဆိုတာ လူ့ခန္ဓာကိုယ်မှာ အနုနယ်ဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်တဲ့အတွက် မျက်မှန်ကို နေ့စဉ်နေ့တိုင်း တပ်ထားမယ်ဆိုရင် ဖုန်နှင့်အညစ်အကြေးများသာမက ခရမ်းလွန်ရောင်ခြည်ရဲ့ဒဏ်ကိုပါ ကာကွယ်နိုင်ပါသေးတယ်။ ပြီးတော့လည်း ခရမ်းလွန်ရောင်ခြည် မကျရောက်နိုင်တဲ့အတွက် အတွင်းတိမ်ကို ကာကွယ်ပေးပြီး အမြင်အာရုံကြည်လင်ပြတ်သားစေပါတယ်။

၄။ သက်တောင့်သက်တာဖြစ်ပြီး ဈေးသက်သာတယ်။

မျက်မှန်တပ်ထားရတာကလည်း မျက်ကပ်မှန်လို ခက်ခက်ခဲခဲ မဟုတ်ဘဲ ချွတ်ရ၊ တပ်ရ လွယ်ကူပါတယ်။ ပြီးတော့လည်း ကိုယ့်မျက်မှန်ကို သန့်ရှင်းချင်ရင်လည်း အလွယ်တကူ ပြုလုပ်နိုင်ပြီး ဈေးနှုန်းလည်း သက်သာတဲ့အတွက် အပိုမျက်မှန်တစ်စုံဆောင်ထားနိုင်ပါသေးတယ်။

၅။ မျက်စိဖိအား (မျက်စိညောင်း) သက်သာစေတယ်။

မျက်မှန်တပ်ထားမယ်ဆိုရင် အင်တာဗျုးဖြေတဲ့အချိန်အတောအတွင်းမှာ မိမိကိုယ်ကို ရင့်ကျက်တဲ့ အသွင်သဏ္ဍန်ဖြစ်စေတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုကောင်းစေပါတယ်။ ရုံးလုပ်ငန်းမှာပဲဖြစ်ဖြစ် ၊ ကျောင်းမှာပဲဖြစ်ဖြစ် ကွန်ပျူတာနဲ့အမြဲလုပ်ကိုင်ရတဲ့သူတွေဟာ မျက်စိညောင်းတတ်ကြပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် မျက်မှန်တပ်လိုက်ခြင်းဖြင့် အမြင်အာရုံအားကောင်းစေပြီး စိတ်ဖိအားကို လျော့ကျစေပါတယ်။

သတင်းအရင်းအမြစ်-ကျော်စိုးအောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။