မနက်က ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဘရားဇီလ်းအသင်းနဲ့ အီကွေဒေါအသင်းပွဲစဉ်မှာ ဘရားဇီးလ်အသင်းက ၂ ဂိုး ၀ ဂိုးနဲ့ အိမ်ကွင်းမှာအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘရားဇီးလ်အသင်းဟာ အီကွေဒေါအသင်းကိုတိုက်လျှောက်တိုက်စစ် စင်ကစားနိုင်ခဲ့ပြီးဖိအားပေးနိုင်ခဲ့ပါတယ်။ဘရားဇီးလ်အသင်းဟာ အုပ်စု အဆင့် ၁ နဲ့ ကိုလံဘီယာ ၊အာဂျင်တီးနားအသင်းတို့ကို ရမှတ်ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရားဇီးလ်အသင်းဟာ ပွဲထွက်လူစာရင်းမှာ နေမာ ၊ဂါဘရီရယ် ဂျီဆပ်၊ ဝီလံယံ ၊ပေါ်လင်ဟို တို့ကို ပွဲထွက်ကစားစေခဲ့တာလည်းဖြစ်ပါတယ်။ဘရားဇီးလ်အသင်းဟာ ပထမပိုင်းမှာဂိုးရရှိဖို့ ဖိအားပေးကစားနိုင်ခဲ့သော်လည်း အီကွေဒေါနောက်တန်း မာကျောမှုကြောင့် ဂိုးရရှိအောင် ရုန်းကန်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းပွဲစလို့သိပ်မကြာခင်မှာပဲ ဘရားဇီလ်းအသင်းဟာ ကော်တင်ဟို နဲ့ သီယာဂိုဆေးဗားကို ထည့်သွင်းအသုံးပြုခဲ့တာကြောင့် ပိုမိုထိရောက်တဲ့တိုက်စစ်စင်မှုတွေ ပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မိနစ် ၇၀ အရောက်မှာတော့ ဝီလီယံဖန်တီးပေးလိုက်တဲ့ဘောလုံးကို ပေါ်လင်ဟိုက ဂိုးစည်းဧရိယာထဲကနေ ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၇၇ မိနစ်အရောက်မှာတော့ ဂါဘရီရယ် ဂျီဆပ် နဲ့တွဲလုံးကနေကော်တင်ဟို က ဒုတိယဂိုးကိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့အကောင်းဆုံး ကစားသမားဆု Man Of The Match ဆုကိုတော့ ဝီလီယံ က ရရှိခဲ့တာလည်းဖြစ်ပါတယ်။ကော်တင်ဟိုကလည်း လူစားဝင်ကစားခဲ့ပြီး ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။